Posts

Showing posts from September, 2018

ဒေးဗစ်လုဇ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားတဲ့ ဆာရီ

Image
ချဲလ်ဆီးအသင်းနည်းပြ ဆာရီက လက်ရှိအချိန်မှာ အသင်းအတွက် ခြေစွမ်းပြနေတဲ့ အဓိက နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ပတ်သက်ပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒေးဗစ်လုဇ်ဟာ နည်းပြဟောင်း ကွန်တီရဲ့ လက်ထက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပေမဲ့ ဒီရာသီ ဆာရီရဲ့ ဦးစားပေးပွဲထွက်ကစားသမား စာရင်းမှာ အမြဲလိုလိုပါဝင်ပြီး ခြေစွမ်းပြနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဆာရီက “လွန်ခဲ့တဲ့နှစ်ရာသီလောက်က သူ(ဒေးဗစ်လုဇ်)က တကယ်ကောင်းမွန်တဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ခြောက်လမှာ သူက ပွဲကစားခွင့်မရခဲ့ပါဘူး။ ဒီအတွက်လည်း သူတော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ သူက ပွင့်ပွင့်လင်းလင်းရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး နည်းပြကို ပြောစရာစကားရှိတယ်ဆိုရင် သူ ကျွန်တော့်ကိုပဲ တိုက်ရိုက်လာပြောလေ့ရှိပါတယ်။ အဲ့ဒီလိုပွင့်ပွင့်လင်းလင်းရှိတဲ့ကစားသမားမျိုးကို ကျွန်တော်သဘောကျပါတယ်။ ကျွန်တော်ဒီအသင်းကို စစရောက်ချင်းမှာပဲ သူက ကျွန်တော့်ကစားကွက်နဲ့ ကိုက်ညီမယ့်ကစားသမားဆိုတာကို သတိထားမိပါတယ်။ ဘာလို့လဲဆိုတော့ သူက နောက်ခံအတွင်းလူတွေထဲမှာ နည်းစနစ်ပိုင်းကို အရမ်းပိုင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့်ပါ။” “နောက်ပြီးတော့ သူ့ရဲ့ အရည်...

29.9.2018 စ​နေ​နေ့ည ဂိုးရလဒ်​များ

Image
⚽⚽⚽⚽⚽⚽⚽⚽⚽ #အင်္ဂလန်ပရီးမီးယား ဝက်ဟမ်း 3-1 မန်ယူ အာဆင်နယ် 2-0 ဝက်ဖို့ အဲဗာတန် 3-0 ဖူဟမ် ဟတ်ဒါဖီး 0-2 စပါး မန်စီးတီး 2-0;ဘရိုက်တန် နယူး 0-2 လက်စတာ ဝုဘာတန် 2-0 ဆောက်သမ်တန် ချဲလ်ဆီး 1-1 လီဗာပူး #စပိန်လာလီဂါ ဆိုစီဒက် 0-1 ဗလင်ဆီာ ဘာစီလိုနာ 1-1 ဘီဘာအို အီဗာ 1-3 ဆီဗီးလား  ရီးရဲ 0-0 အေတီကို #အီတလီစီးရီးအေ ရိုးမား  3-1  လာဇီယို ဂျူဗင်တပ် 3-1  နာပိုလီ အင်တာမီလန် 2-0 ကက်ဂလီယာရီ #ဂျာမန်ဘွန်ဒက်လီဂါ ဟော့ဖန်ဟိန်း 1-2 လိုက်ဇစ် နုရင်ဘတ် 3-0 ဒူဆယ်ဒေါ့ ရှော့ကေး 1-0 မိန့်ဇ် စတုဂတ် 2-1 ဝါဒါဘရီမက် ဝုဘတ် 2-2 ဂလာဘတ် လေဗာကူဆင် 2-4 ဒေါ့မွန် #ပြင်သစ်လီဂူး နိုက်စ် 0-3  PSG အန်းဂါး 0-1 ဂူအင်ဂမ့် ကိန်း 1-0 အာမိန်း လိုင်ယွန် 1-1 နန့်တက် ရိမ်း 0-0 ဘော်ဒိုး စထရာဘော့ 3-0 ဒီဂျွန် #ချန်ပီယံရှစ် ဘာမင်ဂမ် 2-2  အစ်ဝှစ် ဘလက်ဘန်း 2-2 နော့တင်ဟန် ဘော်တန် 1-0  ဒါဘီ ဘရန့်ဖို့  2-2  ရီဒင်း ဟူးစီးတီး 1-1  မစ်ဒယ်ဘိုရို မီဝေါ  2-3 ရှက်ဖီးU နော့ဝှစ်  1-0 ဝီဂန် ပရက်စတန် 2-3 ဝက်ဘရွန်း ဆွမ်စီး  3-0 QPR ရိုသာဟန်  2-2 စတုတ် #စပ...

26.9.2018 ည ဂိုး ရလဒ်​များ

Image
#EFL လီဗာပူး 1-2 ချဲဆီး Arsenal 3-1 ဘရန်ဖိုဒ် နော့တမ်ဟန် 3-2 စတုတ် ဝက်ဟမ်း 8-0 မက်ကလာဖီး **စပါး 2-2 ဝက်ဖိုဒ် ® #SerieA ယူဒီးနီစ် 1-2 လာဇီယို ရိုမား 4-0 ဖရိုစီနိုနီ ဂျီနိုအာ 2-0 ချီယေဗို ဂျူဗင်တပ် 2-0 ဘိုလော့ညာ နာပိုလီ 3-0 ပါမား အတ္တ 0-0 တိုရီနို ကယ်ကလီ 0-0 ဆမ်ဒိုးရီးယား #လာလီဂါ လီဟာနက် 2-1 ဘာစီခိုနာ ဘီဘာအို 0-3 ဗီလာရီးရဲ ဆီးဗီလား 3-0 ရီးရဲမက်ဒရစ် ဗလင်စီယာ 1-0 ဆဲတာဗီဂို #ဘွန်ဒက်လီဂါ ဒုဆယ်ဒေါ့ 1-2 လေဗာကူဆင် မိန့် 0-0 ဝုဘတ် ဒေါ့မွန် 7-0 နုရင်ဘတ် ဂလာဘတ် 3-1 ဖရန့်ဖတ် လိုက်င်ဇစ် 2-0 စတုဂတ် #ပြင်သစ် ဒီဂျွန် 0-3 လိုင်ယွန် ဘော်ဒိုး 1-0 လိုင်လီ အိုလံပစ်မာဆေး 3-2 စထရာဘော့ နီမက် 0-0 ဂူအင့်ဂမ် အမ်မိန်း 2-1 ရင်းနစ် ကိန်း 2-2 မောင်ပယ်လီယာ PSG 4-1 ရိမ်း

ရီးရဲမက်ဒရစ် အောင်ပွဲ ခံသွားတဲ့ ဖီဖာ အကောင်းဆုံးဆု ပေးပွဲနဲ့ မဲရလာဒ်များ

Image
ဖီဖာကနေ ဦးစီးကျင်းပတဲ့ အကောင်းဆုံးဆု ပေးပွဲကြီးဟာ မနေ့ညကပဲ လန်ဒန်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အတိုင်း ရီးရဲမက်ဒရစ် ကွင်းလယ် ဗိုလ်ချုပ် မိုဒရစ်ကပဲ ဆုကို သိမ်းပိုက် သွားခဲ့သလို ၊ ဘောလုံး လောကရဲ့ ပြယုဂ် ကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရိုနာဒို တို့လဲ ပွဲကို တက်ရောက်ခဲ့ခြင်း မရှိခဲ့ ပါဘူး။ ဆုဆွတ်ခူးမှု အနေအထားမှာတော့ – 2018 ဖီဖာ အကောင်းဆုံး ကစားသမားဆု – မိုဒရစ် (ရီးရဲ ၊ ခရိုရေးရှား) 2018 ဖီဖာ အကောင်းဆုံး နည်းပြဆု – ဒက်ချမ့် (ပြင်သစ်) 2018 ဖီဖာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု – မာတာ (ဘရာဇီး) 2018 ဖီဖာ အကောင်းဆုံး အမျိုးသမီး နည်းပြဆု – ပီဒရော့ (ပြင်သစ်) 2018 ဖီဖာ အကောင်းဆုံး ဂိုးသမားဆု – ကော့တွိုက် (ရီးရဲ ၊ ဘယ်လ်ဂျီယံ) 2018 ဖီဖာ အကောင်းဆုံး သွင်းဂိုးဆု – ဆာလတ် (လီဗာပူး) 2018 ဖီဖာ အကောင်းဆုံး ပရိသတ်ဆု – ပီရူး ပရိသတ်များ တို့ ဖြစ်ပါတယ်။ အကောင်းဆုံး ကစားသမား ဆုကို ရရှိသွားခဲ့တဲ့ မိုဒရစ် ကတော့ ဒုတိယ နေရာမှာ ရပ်တည် နိုင်ခဲ့တဲ့ ရိုနာဒို ထက်ကို မဲအရေအတွက် ပြတ်ပြတ်သားသား အသာရပြီး ဆုတံဆိပ်ကို ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသမီး ကစားသမား ဆ...

ရော်နယ်ဒို၏အောင်ပွဲခံပုံစံ လိုက်လုပ်ခဲ့တဲ့လက်ဝှေ့သမား

Image
ဗြိတိန်နာမည်ကျော် လက်ဝှေ့သမား အန်သွန်နီဂျို့စ်ဟွာနှင့် ရုရှားလက်ဝှေ့ကျော် ပိုဗက်ကင်တို့ ထိုးသတ်မည့် ပွဲစဉ်မတိုင်မီ ရှေ့ပြေး တွဲဆိုင်းများအနက် ၀ဲလ်တာဝိ...

မန်စီးတီး၊ လီဗာပူးဂိုးပြတ်အနိုင်ရပြီး မန်ယူသရေကျ၍ တိုက်စစ်ပိုင်းကို မော်ရင်ဟိုအပြစ်တင်

Image
နည်းပြဟောင်း ဖာဂူဆန် လာရောက်အားပေးသောပွဲတွင် မန်ယူသည် အိမ်ကွင်း၌ ဝုဖ်လ်ဗာ ဟမ်တန်ကို အနိုင်မယူနိုင်ခဲ့ဘဲ သရေတစ်မှတ်သာရကာ လီဗာ ပူးနှင့် မန်စီးတီးတို့ ဂိုြး...

ပင်နယ်တီသွင်းရန် ယုံကြည်ပေး၍ မော်ရင်ဟိုကို ပေါ့ဂ်ဘာကျေးဇူးတင်

ဆွစ်ဇာလန်ချန်ပီယံ ယန်း ဘွိုင်းကို ၃-၀ ဂိုးဖြင့် နိုင်ရာတွင် နှစ်ဂိုးသွင်းပြီးတစ်ဂိုး ဖန်တီးပေးခဲ့ သည့် ပြင်သစ်ကွင်းလယ်လူပေါ့ဂ် ဘာက နည်းပြမော်ရင်ဟိုအား ကျေ...

ယူရိုပါလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်အတွက် ပထမဆုံး ပွဲထွက်မယ့် လီနို

Image
လေဗာကူဆင်အသင်းကနေ ဒီနှစ်မှ ခေါ်ယူထားတဲ့ ဂိုးသမား လီနိုအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပွဲထွက်ကစားထားခြင်း လုံးဝမရှိသေးပဲ ဒီကနေ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှသ...

လီဗာပူးကိုရှုံးနိမ့်ခဲ့ခြင်းအပေါ်ယုတ္တိမရှိဘူးဟုခံစားရကြောင်းပြောဆိုလိုက်တဲ့ နည်းပြတူချယ်

Image
ပဲရစ်စိန့်ဂျာမိန်း အသင်း ရဲ့ နည်းပြ ဖြစ်သူ သောမတ် တူချယ် က လီဗာပူး အသင်း ဟာ သူ့ရဲ့ အသင်း ကို နောက်ကျဂိုး နဲ့ ပြဇာတ်ဆန်ဆန် အနိုင် ရရှိခဲ့တာဟာ လုံးဝ ယုတ္တိ မရှိဘူးလို့ အခိုင်အမာ ပြောဆို သွားခဲ့ ပါတယ်။ မနေ့ညက အန်ဖီး မှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု စီ အဖွင့် ပွဲစဉ် မှာ ရော်ဘတ်တို ဖာမီနို ဟာ အရန်ခုံ ကနေ လူစားဝင် လာခဲ့ပြီး လီဗာပူး ကို နာကျင်အချိန်ပို သွင်းဂိုး နဲ့ ၃ ဂိုး ၂ ဂိုး နဲ့ အနိုင် ရရှိ စေခဲ့ ပါတယ်။ဒန်နီရယ် စတားရစ်ခ်ျ ရဲ့ ခေါင်းတိုက်ဂိုး နဲ့ ဂျိမ်းမီနာ ရဲ့ ပင်နယ်တီ ဂိုး တွေနဲ့ အတူ လီဗာပူး ဟာ ၂ ဂိုး ပြတ်နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ပီအက်ဂျီ ဟာ ပထမပိုင်း မပြီးခင် သောမတ် မူနီယာ ရဲ့ ချေပဂိုး နဲ့ ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးရန် ၇ မိနစ် အလို မှာတော့ ကီလီယန် အမ်ဘက်ပေက ပီအက်ဂျီ အတွက် ၂ ဂိုးစီ သရေကျမယ့် ဂိုးကို ရယူ ပေးခဲ့ ပါတယ်။တူချယ် က “ပွဲအပြီး ရလဒ်ဟာ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် နဲ့ မသက်ဆိုင် ပါဘူး။ ပွဲပြီး ခါနီး လီဗာပူး အသင်း အနိုင်ဂိုး မရရှိမီ ဂျူလီယန် ဒရက်စလာ ရဲ့ အခွင့်အရေး ဟာ ကျွန်တော်တို့ အတွက် အနိုင် ရလဒ်တောင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမ...

ပြိုင်ပွဲဆုံသုံးပွဲဆက်ရှုံးနိမ့်မှုနှင့်အတူ အသင်းရဲ့ကစားပုံအကြောင်းပြောကြားခဲ့တဲ့ ပိုချက်တီနို

Image
တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ယမန်နေ့ညက အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ဟာ အကောင်းဆုံးပုံစံမှာရှိခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ စပါးအသင်းဟာ ဒုတိယပိုင်း ၅၃ မိနစ်မှာ အဲရစ်ဆင်ရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးဆုံးခါနီးမှ ၂ ဂိုး ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။တော့တင်ဟမ်ဟော့စပါးအသင်းဟာ ခြေစွမ်းပိုင်းအရ အင်တာမီလန်အသင်းကို အသာစီးရယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးခါနီးမှ မထင်မှတ်ထားတဲ့သွင်းဂိုးတွေကြောင့်သာ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြ ပေါ့ချက်တီနိုက မိမိတို့အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပြီး ယခုရာသီရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ပိုချက်တီနိုမှ "အသင်းရဲ့စွမ်းဆောင်ရည်က ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲပြီးဆုံးတဲ့အချိန်က ရလဒ်ဟာ ကွဲပြားခြားနားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အားလုံးလည်း ကျွန်တော်ပြောတာ သဘောတူကြမှာပါ။မှန်တာပေါ့။ ကျွန်တော်တို့ ဂိုးပေးခဲ့ရတဲ့ ၈၆ မိနစ်နောက်ပိုင်းမှာ အရာအားလုံးက ကွဲပြားခြားနားသွားတော့တာပ...

" အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ အဖွင့်ပွဲတွင် မြန်မာက မလေးရှားကို ဂိုးပြတ်အနိုင်ရ "

Image
အသက် (၁၆) နှစ်အောက် အာရှ အမျိုးသမီး ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းက မလေးရှား ယူ-၁၆ အမျိုးသမီး အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရ...

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

Image
လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပြိုင်ပွဲမှာ အရန်ခုံကနေ လူစားလဲ ၀င်ရောက်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖာမီနိုရဲ့ သွင်းဂိုးကြောင့် (၂)ဂိုးပြတ် ဦးဆောင်နေရာမှ ချေပဂိုး (၂)ဂိုး ပြန်လည်ခွင့်ပြုခဲ့ရတဲ့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။ဖာမီနိုဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ်မှာ စပါးနောက်ခံလူ ဗာတွန်ဂန်နဲ့ ထိခိုက်မိခဲ့ပြီး မျက်လုံးဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲမှာ လီဗာပူးလ်နည်းပြ ကလော့ပ်က ဖာမီနိုကို အနားပေးထားပြီး စတားရစ်ခ်ျကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားခဲ့ပါတယ်။ကလော့ပ်ရဲ့ ကစားသမားအသုံးပြုမှုဟာ မှန်ကန်ခဲ့ပြီး စတားရစ်ခ်ျက လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ်တစ်ဂိုးကို ဂျိမ်းမီလ်နာက ပယ်နယ်တီကတဆင့် ထပ်မံသွင်းယူပေးအပြီးမှာ လီဗာပူးလ်အနေနဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ အသာစီးကနေ ကစားနိုင်ခဲ့ပြီး နိုင်ပွဲရဖို့ တာစူခဲ့ပါတယ်။ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ ချေပဂိုးသွင်းယူဖို့ ကြိုးစားမှုတွေကြောင့် အနိုင်ဂိုးတွေ ရ...

မက်ဆီရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အဖွင့်လှခဲ့တဲ့ ဘာစီလိုနာ

Image
ဒီနေ့မှာ စတင်ကျင်းပတဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အုပ်စု (ခ)ရဲ့ အဖွင့်ပွဲအဖြစ် ဘာစီလိုနာ နဲ့ PSV တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ရည်မှန်းထားတဲ့ ဘာစီလိုနာ နဲ့ ဟော်လန်လိဂ်မှာ ခြေစွမ်းထက်နေတဲ့ PSV တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ဘာစီလိုနာကတော့ အိမ်ကွင်းမှာ အနိုင်ရရှိဖို့အတွက် မက်ဆီ၊ ဆွာရက်ဇ်၊ ဒမ်ဘီလီ၊ ကော်တင်ဟိုတို့လို တိုက်စစ်ကစားသမားတွေကို အသုံးပြုပြီး ပွဲထွက်ခဲ့ကာ အဓိကကစားသမား အများအပြားနဲ့ PSV ကို ရင်ဆိုင်ခဲ့ပါတယ်။ PSV ကလည်း အဝေးကွင်းမှာ သရေတစ်မှတ် ရရှိဖို့ လိုဇာနို၊ ဒီဂျောင်တို့ကို တိုက်စစ်မှာ ထားရှိခဲ့ပြီး ဂိုးသမားအဖြစ် ဇိုရက်ပါဝင်ခဲ့ကာ အမာခံကစားသမားတွေနဲ့ နူးကမ့်မှာ ပွဲထွက်ခဲ့ပါတယ်။ဒီပွဲရဲ့ အဖွင့်ဂိုးကို ပွဲချိန် (၃၂)မိနစ်မှာ ရရှိခဲ့တဲ့ အလွတ်တည်ကန်ဘောကတဆင့် မက်ဆီက လှလှပပသွင်းယူခဲ့ပါတယ်။ မက်ဆီရဲ့ ဖရီးကစ်ကန်သွင်းချက်ဟာ လှပသေသပ်ခဲ့ပြီး ဇိုရက်ရဲ့ ဘယ်ဘက်အဝေးထောင့်ကို တန်းတန်းမတ်မတ် ၀င်ရောက်ခဲ့တာကြောင့် ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိသွားခဲ့ပါတယ်။ မက်ဆီအတွက်လည်း ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ဂိ...

18.9.2018 ညပွဲစဉ်​ ဘာစီလိုနာ၊ လီဗာပူးတို့ အိမ်ကွင်းနိုင်ပွဲရပြီး ဆန်စီရိုမှာ စပါး ရှုံးနိမ့်

Image
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၁)မှာတော့ ဘာစီလိုနာ၊ လီဗာပူး၊ အက်သလက်တီကိုတို့ နိုင်ပွဲရခဲ့ပြီး စပါးအသင်းကတော့ ဆန်စီရိုကွင်းမှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ပီအက်စ်ဗီပွဲစဉ်မှာ မက်ဆီရဲ့ဟက်ထရစ်ဂိုး၊ ဒမ်ဘီလီရဲ့ ဂိုးနဲ့အတူ ဘာစီလိုနာအသင်း ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်(ဥရောပဖလား)ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ် ၈ ကြိမ် သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ် အများဆုံး သွင်းနိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။ လီဗာပူးနဲ့ ပီအက်စ်ဂျီပွဲစဉ်မှာတော့ လီဗာပူးက ခြေစွမ်းရော၊ ကစားကွက်ရော၊ စိတ်ဓာတ်ရေးရာပါ အသာစီး ရခဲ့ပြီး ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ၃၀ မိနစ်မှာ ရောဘတ်ဆန်ရဲ့ဖြတ်တင်ဘောကနေ စတာရစ်က ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းခဲ့သလို နောက်ထပ် ၆ မိနစ်အကြာမှာ ဝစ်နယ်ဒမ်ကြောင့် ရလာတဲ့ ပင်နယ်တီကနေ ဂျိမ်းစ်မီလ်နာက ဒုတိယဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန် ၄၀ မိနစ်မှာ မြူနီယာက ပီအက်စ်ဂျီအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာ နေမာရဲ့ ဖန်တီးမှုကနေ အမ်ဘာပေက နောက်ထပ်ချေပဂိုး သွင်းယူခဲ့လို့ (၂-၂)ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ထပ်ဆောင်းအချိန်ပိုမှာ လူစားဝင်ကစားသမား ဖာမီနိုက တစ်ချက်...

17.9.2018 ယနေ့မနက်UpToDateဂိုးရလဒ်များ

Image
#အင်္ဂလန်ပရီးမီးယား ဝုဗ်  1-0  ဘန်လေ အဲဗာတန် 1-3 ဝက်ဟမ်း #စပိန်လာလီဂါ လီဂါနက် 0-1  ဗီလာရီရဲ အက်စ်ပန်ညို  1-0 လီဗန်တေး ဗယ်လာဒိုးလစ် 0-1 အလာဗက် ဆီဗီးလာ 0-2 ဂီတာဖေး #ဂျာမန်ဘွန်ဒက်လီဂါ ဝါဒါ   1-1  နုရင်ဘတ် ဖရိုင်းဘတ် 3-3 စတုဂတ် #အီတလီစီးရီးအေ ရိုးမား 2-2 ချီယေဗို ဂျီနိုအာ 1-0 ဘိုလော့နာ ဂျူဗင်တပ် 2-1ဆက်ဆူလို အူဒီးနီး  1-1 တိုရီနို အမ်ပိုလီ 0-1 လာဇီယို ကက်ဂလီ 1-1 အေစီမီလန် #ပြင်သစ်လီဂူး  နန့်တက် 0-0  ရိမ်း ဘော်ဒိုး 3-3  နီမက် မာဆေး 4-0 ဂူအင်ဂမ့် #စပိန်ဆီဂန်ဒါ အယ်ချီ 1-1 မာယော့ကာ လူဂို  0-2 အိုဗီဒို အက်စတာမာဒူရာ 1-2 လက်ပါးမက် အယ်မီရီယာ 2-1 ဇာရာဂိုဇာ ဂရန်နာဒါ 3-0 မာဂျာဒါဟွန်ဒါ ဂီဂျွန်  1-1 နူမန်စီယာ #အီတလီစီးရီးB ဗီရိုနာ  4-1  ကာပီ ဆာလာနီတာနာ 3-0 ပါဒိုဗာ ဖော့ဂီယာ 1-2  ပါလာမို #ဂျာမန်ဘွန်ဒက်လီဂါ ၂ ဘိုချန် 6-0 အင်ဂိုစတက် အာဂီဘတ် 3-1 စိန့်ပေါ်လီ ကိုလုံး  3-5  ပါဒါဘွန်း #ဟော်လန်လိဂ် AZအယ်ခမာ 1-1 ဖီယင်နု အုထရက် 1-2  FC အမ်န်း NACဘရီဒါ  2-3  ဖော်ကျူနာ ဟီရန...

အဲဗာတန်​ vs ဝက်​စ်​ဟမ်း ပွဲကြိုသုံးသပ်​ချက်

Image
အဲဗာတန်အသင်းအတွက် ခေါ်ယူထားတဲ့ ကစားသမားသစ်ဖြစ်တဲ့ ဝက်ဖိုဒ့်တောင်ပံကစားသမားဟောင်း ရစ်ချာလီဆန်နှင့် မနှစ်ရာသီကတည်းက ခေါ်ယူထားခဲ့တဲ့ ဝဲလ်ကော့တို့ဟာ ခြေစွမ်းပြကစားပြီး ဂိုးတွေသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်တွင်ရှူံးပွဲမကြုံတွေ့သေးပါဘူး။  ၁ ပွဲနိုင် ၃ ပွဲသရေ၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၇ နေရာတွင်ရပ်တည်နေသည်။ ပွဲတိုင်းတိုက်စစ်တွင် ဂိုးသွင်းယူထားနိုင်တာကို သတိပြုနိုင်ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ပြောင်းပြန်အနေအထားတွင်ရှိနေပြီး ပွဲတိုင်းဂိုးပေးထားရပါတယ်။ ၄ ပွဲကစားပြီးရာတွင် ၄ ပွဲလုံးရှူံးနိမ့်ထားခဲ့ကာ အဆင့် ၂၀ တွင်ရပ်တည်နေသည်။ အလေးပေးမူ အဲဗာတန်အသင်းအတွက်အလေးပေးမူက ၂၁/၂၀ လေးဖြစ်ပြီး ဝက်စ်ဟမ်းအသင်းအတွက်အလေးပေးမူက ၁၂/၅ လေးဖြစ်လို့ အဲဗာတန်အသင်းဘက်ကနေအကြောပေးထားတာကိုတွေ့နိုင်သည်။ အဲဗာတန်အသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ 01/09 အဲဗာတန် ၁-၁ ဟတ်ဒါဖီးလ်စ် 30/08 အဲဗာတန် ၃-၁ ရိုသာဟန် 25/08 ဘုန်းမောက် ၂-၂ အဲဗာတန် 18/08 အဲဗာတန် ၂-၁ ဆောက်သမ်တန် 11/08 ဝုလ်ဗ် ၂-၂ အဲဗာတန် ဝက်​စ်ဟမ်းအသင်းနောက်ဆုံးကန်ခဲ့သည့်(၅)ပွဲ 01/09 ဝက်စ်ဟမ်း ၀-၁ ဝုလ်ဗ် 29/08 ဝင်ဘယ်ဒန် ၁-၃ ဝက်စ်ဟမ်း 25/08 အာဆင်နယ...

ဝက်ဖိုဒ့် နိုင်ပွဲ အတွက် မော်ရင်ဟို ရဲ့ ချီးကျုး ခြင်း ခံ ခဲ့ ရတဲ့ ယူနိုက်တက် ကစား သမားများ

Image
မန် ချက် စတာ ယူ နိုက် တက် အသင်း ဟာ ယ မန်နေ့ ညက ၀က် ဖိုဒ့် အသင်း ရဲ့ ကွင်း ကို သွား ရောက် ကစား ခဲ့ ပြီး ၂ – ၁ ရ လဒ် နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ဒီ နိုင် ပွဲ ကြောင့် ယူ နိုက် တက် တို့ ဒီ ရာသီ ပထမ ဆုံး ၂ ပွဲ ဆက် အနိုင် ရရှိ ခဲ့ ပြီး ၀က်ဖိုဒ့် က တော့ ရာနှုန်း ပြည့် နိုင်ပွဲ ရပ် တန့် သွား ခဲ့ ရ ပါတယ် ။ ယူ နိုက် တက် ဟာ ပထမ ပိုင်း မှာ ၀က်ဖိုဒ့် ဘက် ကို ကောင်း စွာ ထိုး ဖောက် နိုင် ခဲ့ပြီး လူကာကူ ၊ စမော လင်း တို့ ရဲ့ ဂိုး တွေ နဲ့ ဦးဆောင် နိုင် ခဲ့ ပါတယ် ။ ဒု တိယ ပိုင်း မှာတော့ အန် ဒီ ဂရေး က ၀က်ဖိုဒ့် အတွက် ၁ ဂိုး ပြန် ခြေပ ခဲ့ ပေမယ့် ယူနိုက်တက် က အနိုင် ရလဒ် ကို ပွဲပြီး သည် အထိ ထိန်း ကစား သွားနိုင် ခဲ့ ပါတယ် ။ ယူနိုက် တက် နည်းပြ ကြီး မော် ရင်ဟို က တော့ ယမန် နေ့ ညက ပွဲ မှာ ပုံစံ ကောင်း တွေ ပြသ နိုင် ခဲ့ ကြ တဲ့ မန်ချက် စတာ ယူ နိုက်တက် ကစား သမား တွေ ကို ပွဲ အပြီး မှာ ထုတ် ဖော် ချီးကျုး စကား ဆို သွားခဲ့ ပါတယ် အထူး သဖြင့် မော် ရင်ဟို ဟာ ကွင်းလယ် လူ ဖယ်လေနီ ရဲ့ ခံစစ် – တိုက် စစ် ပါဝင် နိုင် မှု အပေါ် ကျေနပ် ပျော်ရွှင် တဲ့ မှတ်ချက် စကား တွေ ဆို သွားခဲ့ ပါတယ် ။ ဖယ်လေ နီ ဟာ ယမန် နေ့ ညက ပွဲ မှာ အေ...


Image
zawgyi #မန်ယူ_ဘောလုံးသတင်းများ ၀က်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂရာစီယာကတော့ မန်ယူအသင်းမှာ အခက်အခဲတွေရှိနေတယ်လို့ မထင်မိကြောင်း ၀က်ဖို့ဒ်နဲ့ မန်ယူတို့ကစားမယ့်ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။ ဂရာစီယာက “အခက်အခဲဖြစ်နေတဲ့ဆိုတဲ့ စကားလုံးကို နားမလည်ပါဘူး။ ခုချိန်မှာ မန်ယူအသင်းဟာ အခက်အခဲတွေကြားမှာ ရောက်နေတယ်သလားဆိုတာကိုလည်း မသိပါဘူး။ မန်ယူအသင်းမှာ ကစားသမားကောင်းတွေ ရှိနေတယ်ဆိုတာတစ်ခုတော့ သိထားသလို အဲဒီကစားသမားတွေအနက်က မတူညီတဲ့ ကစားသမားတွေကို ရွေးချယ်လာနိုင်ပါတယ်။ သူတို့ ဒီပွဲကို အကောင်းဆုံးကစားသမား ၁၁ ဦးနဲ့ ယှဉ်ပြိုင်လာမှာဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ခက်ခဲမှုတွေဖြစ်လာမှာပါ။ ဒါပေမယ့် ဒီပွဲဟာ ကျွန်တော်တို့အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့မှာ ယှဉ်ပြိုင်စွမ်းနဲ့ သူတို့ဆီကရမှတ် ရယူနိုင်ဖို့အတွက် ယုံကြည်မှုရှိနေပါတယ်။ ပြီးခဲ့တဲ့ရလဒ်တွေက ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာဆိုတာကို အားပေးနေပါတယ်။ ဒါပေမယ့် အဲဒါက စိတ်ခံစားမှုတစ်ခုသာဖြစ်သလို နိုင်ပွဲရဖို့အတွက် အရာရာကို ပေးဆပ်သွားဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။ unicode မန်ယူအသင်း အခက်တွေ့နေချိန်လို့ မထင်မိပါဘူးလို့ ဝက်ဖို့ဒ်နည်းပြပြော ==...

မာရှယ်​နဲ့ပတ်​သက်​ပြီး​ပြောကြားလာတဲ့ ဆမ်​အလာဒွိုက်​စ်

Image
မာရှယ် နဲ့ ပတ်သက်ပြီး ယူနိုက်တက် ရဲ့ လုပ်ဆောင် ချက်တွေ အပေါ် အံ့အားသင့် မိတယ်လို့ ဖွင့်ဟ ပြောကြား လာတဲ့ ဆမ်အလာဒွိုက်စ် လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ခြေစွမ်းကောင်း ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ ရတဲ့ တောင်ပံ တိုက်စစ် ကစားသမားလေး အန်သိုနီ မာရှယ် ကို ယူနိုက်တက် စာချုပ် သစ် ချုပ်ဆို ရေး အတွက် ကမ်းလှမ်း တာ နဲ့ ပတ်သက်ပြီး အင်္ဂလန် နည်းပြ ဟောင်း ဆမ် အလာဒွိုက်စ် က သူ့ရဲ့ ထင်မြင်ချက် တွေ ကို ထုတ်ဖော် ပြောကြား သွားလိုက် ပါတယ် 2016 တုန်း က ယူနိုက်တက် ကို ရောက်ရှိ လာခဲ့တဲ့ နည်းပြ မော်ရင်ဟို ရဲ့ လက်အောက် မှာ ပြင်သစ် သား လေး ဟာ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိဖို့ ရုန်းကန် နေခဲ့ ရ ပါတယ် ။ ဒါ့အပြင် နွေ အပြောင်း အရွှေ့ တုန်း ကလည်း အေးဂျင့် ဖိလစ်ပီ လမ်ဘိုလေး ရဲ့ ထုတ်ဖော် ပြောကြား ချက် အရ မာရှယ်ဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှ ထွက်ခွာဖို့ ရှိနေတယ် ဆိုတဲ့ သတင်း တွေ ပျံ့နှံ့ နေခဲ့ ပါသေးတယ် ။ သို့သော်လည်း ရာသီ ကြို ခြေစမ်း ပွဲစဉ် တွေ တုန်းက ပြင်သစ် မြေကို ထွက်ခွာ သွားခဲ့ပြီး အပြန် နောက်ကျလို့ နည်းပြ မော်ရင်ဟို ရဲ့ ဝေဖန်မှု ကို ခံခဲ့ ရတဲ့ အပြင် ဒဏ်ငွေ ပါ ဆောင်ခဲ့ ရတဲ့ မာရှယ် ဟာ အပြောင်း အရွှေ့ နောက်ဆုံး...

မြန်​မာလက်​​ရွေးစင်​ အသင်း အာဆီယံဆူဇူကီးပြိုင်​ပွဲတွင်​ အ​ကောင်းဆုံးပုံစံယှဉ်​ပြိုင်​ရန်​ ​လေ့ကျင့်​မည်

Image
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေးက အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ပြင်ဆင်မည်ဖြစ်ကြောင်းပြောကြား သည်။ နည်းပြချုပ်အန်တွမ်နီဟေးက"ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်ချိန်တစ်လကျော်ရရှိမှာပါ။ စက်တင်ဘာမှာခြေစမ်းပွဲ ကစားခွင့်မရခဲ့ပေမယ့် ပြီးခဲ့တဲ့သြဂုတ်မှာကစားတဲ့အာရှအားကစားပြိုင်ပွဲနဲ့လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာခအသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ခွင့်ရခဲ့တာကြောင့်ထိုက်သင့်တဲ့အတွေ့အကြုံရထားပြီးဖြစ်ပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းကိုလည်း အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂၃အသင်းကိုပဲ အခြေခံပြီးဖွဲ့စည်းမှာဖြစ်ပါတယ်။ စီနီယာကစားသမားတစ်ချို့လည်းပြန်ပါလာမှာပါ။ ဘယ်သူ့ကိုရွေးချယ်ရမလဲဆိုတာလည်းဆုံးဖြတ်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအကောင်းဆုံးကစားသမားတွေကိုလည်း သိထားပြီးဖြစ်တာကြောင့် အများကြီးအပြောင်းအလဲမရှိနိုင်ပါဘူး။ အောက်တိုဘာမှာကစားမယ့်ခြေစမ်းပွဲတွေက ကျနော်တို့အတွက်အရေးကြီးပါတယ်။ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်အသင်းတို့နဲ့ကစားမယ့်ခြေစမ်းပွဲတွေ၊ ကာတာနိုင်ငံမှာ သွားရောက်လေ့ကျင့်မယ့်ခြေစမ်းခရီးစဉ်က...

စ​နေ​နေ့ညအတွက်​ ​နောက်​ဆုံးရ အားကစားသတင်းများ

Image
အီး မရိတ် ကွင်း မှာ ယနေ့ ည ယှဉ်ပြိုင် ကစား သွားခဲ့ တဲ့ အာဆင်နယ် ဂန္ထ၀င် တွေ နဲ့ ရီးရဲ ဂန္ထ၀င် အသင်း တို့ ရဲ့ ချစ်ကြည် ရေး ပွဲစဉ် မှာ တော့ မိနစ် ၉၀ အတွင်း ဂိုး မရှိ သရေ ကျ နေခဲ့ ပြီး ပင်နယ်တီ အဆုံး အဖြတ် ခံ ယူ ကြ ရာမှာ တော့ အာဆင်နယ် ဂန္ထ၀င် အသင်း က ၅ – ၃ ဖြင့် အနိုင် ရရှိ သွားခဲ့ ပါတယ် ။ အာဆင်နယ် ဂန္ထ၀င် အသင်း ဘက် မှာ ပီရက် ၊ ရေး ပါလာ ၊ ၀င်းတားဘန်း ၊ လေးမန်း ၊ အလီ ယာ ဒိ ရေး ၊ ဂီဘာတို ဆေးဗား ၊ ဆူကာ ၊ ရို ဆစ် စကီး တို့ ပါဝင် ခဲ့ကြ ပြီး ရီးရဲ ဂန္ထ၀င် တွေ ဘက် မှာတော့ ရာအူး ၊ မိုရီ ယန်တေး ၊ အယ်ဖွန် ဆို ၊ ဒီလာရက် စတဲ့ ကစား သမား တွေ ပါဝင် ခဲ့ ကြ ပါတယ် ။ ဆဲလ် တစ် ကွင်း မှာ ကစား ခဲ့တဲ့ ကင်ဆာ ရောဂါ ကုသ ရေး ရန်ပုံ ငွေ ချစ်ကြည် ရေး ပွဲ မှာတော့ ဆဲလ်တစ် နဲ့ လီဗာပူး တို့ ၃ – ၃ ရလဒ် နဲ့ သရေ ကျခဲ့ ကြ ပါတယ် ။ အဆိုပါ ပွဲ မှာ လီဗာပူး ကွင်းလယ် လူ မီနာ နဲ့ စတီဗင် ပက် ထရော့ တို့ က ဦးဆောင် ခဲ့ ပြီး ရှေး ဂစ် ဗင် ၊ ဟင်း နရစ် လာဆင် ၊ စတွိုက် ကော့ဗ် ၊ ရော် ဘီ ကင်း ၊ ဘိုရပ် ၊ ဂျိုးဟတ် ၊ လက် စကော့ ၊ ဂျေမီ ရက် နက် ၊ အိုဝင် ဟားဂရေဗ့် ၊ ဂျွန် တယ် ရီ တို့ ပါဝင် ကစား ခဲ့ ကြပြီး လီဗာပူး နည်းပြ ကြီး ကလော့ နဲ့ ဘရန် ဒန် ရေ...

နာမည်ကျော် နံပါတ် 10 ဂျာစီ ကို အနားပေး ထားတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း

Image
လက်ရှိ အချိန် အာဂျင်တီးနား စတား မက်ဆီ ဟာ လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားပေး မလား မပေးဘူးလား ဆိုတာ မရေမရာ ဖြစ်နေတဲ့ အခိုက်အတန့် မှာ အာဂျင်တီးနား အသင်း တာဝန် ရှိသူ တွေ ဟာ နံပါတ် 10 ဂျာစီ ကို အနားပေး ထားဖို့ ဆုံးဖြတ် ထားကြ ပါတယ် ။ လက်ရွေးစင် အသင်း ရဲ့ အဆိုပါ ဆုံးဖြတ်ချက် အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အာဂျင် တိုင်းသား ဂိုးသမားဖြစ် သူ ဆာဂျီယို ရိုမဲရိုး က ဘာ့ကြောင့် အခုလို လုပ်ရ သလဲ ဆိုတာ နားမလည် ဖြစ်မိ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာတော့ အာဂျင်တီးနား အသင်း ဟာ နိုင်ငံတကာ ပွဲစဉ် တွေ ကစား ရဖို့ အတွက် ဂွာတီမာလာ ၊ ကိုလံဘီယာ အသင်း တွေ နဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ် ။ သိုပေမဲ့ အာဂျင်ဟာ အသင်း ရဲ့ အဓိက ကစားသမား မက်ဆီ မပါဝင်ပဲ အဆိုပါ ပွဲတွေ ကို ကစား သွားရဖို့ ရှိနေ ပါတယ် ။ မက်ဆီ ဟာ နောက်ထပ် စိတ်ပျက်ဖွယ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကစား ခဲ့ပြီး နောက် အခုထက် ထိ လက်ရွေးစင် အသင်း မှာ ဆက်လက် ကစား ဖြစ်မလား ၊ မဖြစ် မလား ဆိုတဲ့ ကောလာဟလ သတင်းတွေ ကြား ရှိနေ ခဲ့ရ ပါတယ် ။ အခုတော့ သူဟာ နိုင်ငံ့ အသင်း အတွက် မ ကစား သေးပဲ အားလပ်ရက် ရယူ နေ ပါတယ် ။ မကြာမီ အချိန် အတောအတွင်း မ...

အားကစား လောကမှ ဘောလုံး သမား တွေ ဦးဆောင် နေတဲ့ ဒီ ရာသီ ဈေးကွက် အကောင်းဆုံး ကစားသမား 10 ဦး

Image
Sports Pro က ထုတ်ပြန် ကြေငြာ လိုက်တဲ့ လက်ရှိ ဈေးကွက် အကောင်းဆုံး အား ကစား သမား 10 ဦး စာရင်း ထဲ မှာ တော့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ က ထိပ်ဆုံးမှ ဦးဆောင် နေခဲ့ ပါတယ် ။ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွင်း ချန်ပီယံ ဖြစ်ရေး မှာ အရေး ပါတဲ့ ကစားသမား တစ်ဦး အဖြစ် ခြေစွမ်း ကောင်း ပြသ ထား နိုင် ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ Sports Pro မှ 9 ကြိမ် မြောက် နှစ်စဉ် ဈေးကွက် အကောင်းဆုံး အား ကစား သမား စာရင်း ပြုစု ရာမှာ ထိပ်ဆုံး နေရာ မှ ပါဝင် နိုင် ခဲ့တာပဲ ဖြစ် ပါတယ် ။ ပြီးခဲ့တဲ့ နှစ်တုန်းက ဗြိတိန် ရဲ့ နာမည်ကျော် လက်ဝှေ့ သမား ဖြစ်တဲ့ အန်သိုနီ ဂျိုရှူဝါ က ထိပ်ဆုံး နေရာ မှာ ရပ်တည် နိုင်ခဲ့ ပေမဲ့ ဒီ တစ်ကြိမ် မှာ တော့ ပြင်သစ် လက်ရွေးစင် ကစားသမား တွေ ဖြစ်ကြတဲ့ ပေါ့ဂ်ဘာ နဲ့ အမ်ဘတ်ပီ တို့ အကြား နံပါတ် 2 အဖြစ် သာ ရပ်တည် နိုင်ခဲ့ ပါတယ် ။ အားကစား လောက မှ ဈေးကွက် အကောင်းဆုံး ကစားသမား 10ဦး ကတော့ … 1. ပေါလ် ပေါ့ဂ်ဘာ ( ဘောလုံး ) 2. အန်သိုနီ ဂျိုရှူဝါ ( လက်ဝှေ့ ) 3. ကိုင်လီယံ အမ်ဘတ်ပီ ( ဘောလုံး ) 4. အလက်ဇန္ဒား ဇဗီရက်ဇ် ( တင်းနစ် ) 5....

မက်​ဆီ မပါခဲ့တဲ့ ဖီဖာတစ်​နှစ်​တာ အ​ကောင်းဆုံးဆု ဆန်​ခါတင်​စာရင်း

Image
၂၀၁၈ ခုနှစ်အတွက် ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသား ဘောလုံးသမားဆု ဆန်ခါတင် ၃ ဦး စာရင်းမှာ ရော်နယ်ဒို၊ မိုဒရစ်၊ ဆာလာတို့ ရွေးချယ်ခံခဲ့ရပြီး မက်ဆီကတော့ ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန်ခါတင်စာရင်း မဝင်ခဲ့ပါဘူး။ ရော်နယ်ဒိုနဲ့ မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပြီး ဆာလာကတော့ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးအတွက် ၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်ကွင်းလယ်မှာ အခရာကျခဲ့တဲ့ မိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအတွက် ပွဲစဉ်တိုင်း ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။  မိုဒရစ်ဟာ မကြာသေးခင်မှ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးထားသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က  ဖီဖာတစ်နှစ်တာအကောင်းဆုံးဆု ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ဆန်ခါတင်စာရင်းမှာ သူ့ရဲ့ပြိုင်ဘက်ဟောင်း မက်ဆီ  မပါဝင်လာပေမယ့် ဒီနှစ်အတွက် ဆုဆွတ်ခူးနိုင်ဖို့ ဆာလာ၊ မိုဒရစ်တို့နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင...