ရော်နယ်ဒို၏အောင်ပွဲခံပုံစံ လိုက်လုပ်ခဲ့တဲ့လက်ဝှေ့သမား



ဗြိတိန်နာမည်ကျော် လက်ဝှေ့သမား အန်သွန်နီဂျို့စ်ဟွာနှင့် ရုရှားလက်ဝှေ့ကျော် ပိုဗက်ကင်တို့ ထိုးသတ်မည့် ပွဲစဉ်မတိုင်မီ ရှေ့ပြေး တွဲဆိုင်းများအနက် ၀ဲလ်တာဝိတ်တန်းတွင် နိုင်ပွဲရခဲ့သော ရှက်ရမ်ဂျီယာဆော့ဗ်သည် ရော်နယ်ဒို၏ အောင်ပွဲခံ ပုံစံကို လိုက်လံတုပ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဥဇဘတ်ကစ္စတန် လက်ဝှေ့သမားသည် ၀ဲလ်တာဝိတ်တန်းတွင် ပြိုင်ဘက်ဖြစ်သူ နီကာရာဂွါလက်ဝှေ့သမား ဂျူလီယိုလာဂူနာကို ၀င်ဘဘေကွင်း ပွဲဦးထွက်တွင် ၅ ချီမြောက်ဍ် အလဲထိုး အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၄င်းသည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ၅ ပွဲတွင် ၅ ပွဲမြောက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
နိုင်ပွဲရပြီးနောက်  ပြိုင်ဘက်ကစားသမားမှာ ကြိုးဝိုင်းတစ်ဖက်ထောင့်ဍ် ရှိစဉ် ကြိုးဝိုင်းအတွင်း နေရာလွတ်ရှိနေသည်ကို အခွင့်ကောင်းယူကာ ရှက်ရမ်ဂျီယာဆော့ဗ်က ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို၏ ဂိုးသွင်းအပြီး အောင်ပွဲခံပုံစံအတိုင်း တုပ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုနောက်တွင်မှ ၄င်း၏ ပုံမှန် အောင်ပွဲခံပုံစံအတိုင်း လက်သီးကို လေထဲပင့်မြှောက်၍ အောင်ပွဲခံသွားခဲ့သည်။ ထိုတွဲဆိုင်းများအနက် အဓိက တွဲဆိုင်းဖြစ်သည့် ဂျို့စ်ဟွာနှင့် ပိုဗက်ကင်တို့ပွဲတွင်မူ ဗြိတိန်လက်ဝှေ့ကျော် ဂျို့စ်ဟွာက နိုင်ပွဲရခဲ့ကြောင်းလည်း သိရသည်။


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ