မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို
လီဗာပူးလ်တိုက်စစ်မှူး ဖာမီနိုဟာ မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပြိုင်ပွဲမှာ အရန်ခုံကနေ လူစားလဲ ၀င်ရောက်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို နာကျင်အချိန်ပိုမှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖာမီနိုရဲ့ သွင်းဂိုးကြောင့် (၂)ဂိုးပြတ် ဦးဆောင်နေရာမှ ချေပဂိုး (၂)ဂိုး ပြန်လည်ခွင့်ပြုခဲ့ရတဲ့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။ဖာမီနိုဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ်မှာ စပါးနောက်ခံလူ ဗာတွန်ဂန်နဲ့ ထိခိုက်မိခဲ့ပြီး မျက်လုံးဒဏ်ရာ ရရှိခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့် ပီအက်စ်ဂျီနဲ့ပွဲမှာ လီဗာပူးလ်နည်းပြ ကလော့ပ်က ဖာမီနိုကို အနားပေးထားပြီး စတားရစ်ခ်ျကို ပွဲထွက် ကစားသမားအဖြစ် အသုံးပြုသွားခဲ့ပါတယ်။ကလော့ပ်ရဲ့ ကစားသမားအသုံးပြုမှုဟာ မှန်ကန်ခဲ့ပြီး စတားရစ်ခ်ျက လီဗာပူးလ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ထပ်တစ်ဂိုးကို ဂျိမ်းမီလ်နာက ပယ်နယ်တီကတဆင့် ထပ်မံသွင်းယူပေးအပြီးမှာ လီဗာပူးလ်အနေနဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ အသာစီးကနေ ကစားနိုင်ခဲ့ပြီး နိုင်ပွဲရဖို့ တာစူခဲ့ပါတယ်။ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ ချေပဂိုးသွင်းယူဖို့ ကြိုးစားမှုတွေကြောင့် အနိုင်ဂိုးတွေ ရရှိထားတဲ့ လီဗာပူးလ်တို့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပြီး မူနီယာနဲ့ ဘာပေတို့က သွင်းယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖာမီနို ၀င်ရောက်လာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို ဧရိယာအတွင်းကနေ လှလှပပ ကန်သွင်းယူခဲ့ပါတယ်။အခုအခါမှာလည်း ဖာမီနိုက မျက်လုံးတစ်လုံးတည်းနဲ့လည်း ဂိုးသွင်းယူနိုင်တယ်ဆိုတဲ့ ပုံစံနဲ့ အောင်ပွဲခံခဲ့မှုဟာ ပရိသတ်တွေရဲ့ သဘောကျခြင်းကို ရရှိနေပြီး ဆိုရှယ်မီဒီယာများပေါ်မှာ ရေပန်းစားနေတဲ့ ပုံရိပ်တစ်ခုဖြစ်နေပြီ ဖြစ်ပါတယ်။
Credit လေးစားစွာဖြင့်

Comments
Post a Comment