ယူရိုပါလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်အတွက် ပထမဆုံး ပွဲထွက်မယ့် လီနို


လေဗာကူဆင်အသင်းကနေ ဒီနှစ်မှ ခေါ်ယူထားတဲ့ ဂိုးသမား လီနိုအနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ပွဲထွက်ကစားထားခြင်း လုံးဝမရှိသေးပဲ ဒီကနေ့ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှသာ ပွဲထွက်ကစားမှာ ဖြစ်ပါတယ်။
ဒီသတင်းကိုတော့ နည်းပြ အူနိုင်းအမ်မရီက အတည်ပြုပြောကြားခဲ့တာ ဖြစ်ပြီး ယူရိုပါလိဂ်ရဲ့ ပထမဦးစားပေးကစားသမားကတော့ လီနိုလို့ ဆိုခဲ့ တာဖြစ်ပါတယ်။
အသက် ၂၆ နှစ်သာရှိသေးတဲ့ ဂျာမနီ လက်ရွေးစင်ဂိုးသမားအနေနဲ့ အာဆင်နယ်အသင်းကို လေဗာကူဆင်အသင်းကနေ ပေါင်၁၉.၂ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဂိုးသမား ပီတာချက်ရဲ့နေရာကိုအစားထိုးမယ့်သူလို့ အများက ပြောနေကြတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ အူနိုင်းကတော့ ချက်ကိုသာ ဦးစားပေး ပွဲထွက်ခဲ့ပြီး လီနိုကတော့ ဒီကနေ့အထိ တစ်မိနစ်တောင် အာဆင်နယ်နဲ့ ပွဲထွက် ထားနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။
" ကျွန်တော့်အနေနဲ့ ဂိုးသမား ရွေးချယ်တာနဲ့ပတ်သက်ပြီး ဂိုးနည်းပြ ဂါစီယာနဲ့ ဆွေးနွေးပြီးပါပြီ။ဒီအချိန်မှာတော့ လီနိုကို အခွင့်အရေးပေးဖို့ အချိန်တန်ပါပြီ။" လို့ အူနိုင်းကဆိုပါတယ်။အခြားသော ကစားသမားတစ်ဦးဖြစ်တဲ့ လက်ခ်ျစတိန်နာကိုလည်း ဒီကနေ့ပွဲမှာ သူ့ရဲ့ ပထမဆုံး ပွဲချိန်ပြည့် ပွဲထွက်တဲ့ ပွဲစဉ်အဖြစ် ပါဝင်ကစား သွားစေမယ်လို့ ဆိုပါတယ်။
အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ် ပြိုင်ပွဲကို ၂ နှစ်ဆက် ယှဉ်ပြိုင်တာ ဖြစ်ပြီး အခု အုပ်စုတွင်းမှာတော့ ကွာရာဘတ်၊စပို့တင်း၊ဗော့စခ်လာ အသင်းတို့နဲ့အတူ ကျရောက်နေတာ ဖြစ်ပါတယ်။
ဒီကနေ့ညမှာတော့ ဗော့စခ်လာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး အဓိက ကစားသမား အများစုကို အနားပေးဖို့ များ နေပါတယ်။

Credit လေးစားစွာဖြင့်


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ