အားကစား လောကမှ ဘောလုံး သမား တွေ ဦးဆောင် နေတဲ့ ဒီ ရာသီ ဈေးကွက် အကောင်းဆုံး ကစားသမား 10 ဦး
Sports Pro က ထုတ်ပြန် ကြေငြာ လိုက်တဲ့ လက်ရှိ ဈေးကွက် အကောင်းဆုံး အား ကစား သမား 10 ဦး စာရင်း ထဲ မှာ တော့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ဖြစ်တဲ့ ပေါလ် ပေါ့ဂ်ဘာ က ထိပ်ဆုံးမှ ဦးဆောင် နေခဲ့ ပါတယ် ။
ပြင်သစ် လက်ရွေးစင် အသင်း နဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွင်း ချန်ပီယံ ဖြစ်ရေး မှာ အရေး ပါတဲ့ ကစားသမား တစ်ဦး အဖြစ် ခြေစွမ်း ကောင်း ပြသ ထား နိုင် ခဲ့တဲ့ ပေါ့ဂ်ဘာ ဟာ Sports Pro မှ 9 ကြိမ် မြောက် နှစ်စဉ် ဈေးကွက် အကောင်းဆုံး အား ကစား သမား စာရင်း ပြုစု ရာမှာ ထိပ်ဆုံး နေရာ မှ ပါဝင် နိုင် ခဲ့တာပဲ ဖြစ် ပါတယ် ။
ပြီးခဲ့တဲ့ နှစ်တုန်းက ဗြိတိန် ရဲ့ နာမည်ကျော် လက်ဝှေ့ သမား ဖြစ်တဲ့ အန်သိုနီ ဂျိုရှူဝါ က ထိပ်ဆုံး နေရာ မှာ ရပ်တည် နိုင်ခဲ့ ပေမဲ့ ဒီ တစ်ကြိမ် မှာ တော့ ပြင်သစ် လက်ရွေးစင် ကစားသမား တွေ ဖြစ်ကြတဲ့ ပေါ့ဂ်ဘာ နဲ့ အမ်ဘတ်ပီ တို့ အကြား နံပါတ် 2 အဖြစ် သာ ရပ်တည် နိုင်ခဲ့ ပါတယ် ။
အားကစား လောက မှ ဈေးကွက် အကောင်းဆုံး ကစားသမား 10ဦး ကတော့ …
1. ပေါလ် ပေါ့ဂ်ဘာ ( ဘောလုံး )
2. အန်သိုနီ ဂျိုရှူဝါ ( လက်ဝှေ့ )
3. ကိုင်လီယံ အမ်ဘတ်ပီ ( ဘောလုံး )
4. အလက်ဇန္ဒား ဇဗီရက်ဇ် ( တင်းနစ် )
5. စတိဖ် ကာရီ ( ဘတ်စကတ် ဘော )
6. ဟာရီ ကိန်း ( ဘောလုံး )
7. ရှိုးလ် ကင်မ် ( ရေခဲလွှာ လျောစီး )
8. အိုဒယ်လ် ဘတ်ခမ်း ဂျူနီယာ ( အမေရိကန် ဘောလုံး )
9. ကာတီ လီဒီးစကီး ( ရေကူး )
10. အာရွန် ဂျာ့ဒ် ( ဘေ့စ်ဘော ) တို့ပဲ ဖြစ်ကြ ပါတယ် ။
လွန်ခဲ့တဲ့ သုံးနှစ် က စပြီး အခုလို ဈေးကွက် တန်ကြေး အမြင့် ဆုံး ကစား သမား စာရင်း ပြုလုပ် ရာမှာ ကစား သမား တို့ရဲ့ ကမ္ဘာ့ အဆင့် သတ်မှတ်ချက် ၊ သူတို့ ရဲ့ အသက် အရွယ် ၊ လက်ရှိ သတ်မှတ် ပြောင်းရွှေ့ ကြေး ၊ သူတို့ ရဲ့ သြဇာ ကြီးမားမှု ၊ ဆိုရှယ် မီဒီယာ အပေါ် လွှမ်းမိုး နိုင်မှု စသည် တို့ကို ထည့်သွင်း တွက်ချက် ပြီးမှ စာရင်း ပြုစု လာခဲ့ ကြတာ ပဲ ဖြစ် ပါတယ် ။
လက်ရှိ တင်းနစ် လောက မှာ ကျော်ကြား လာခဲ့တဲ့ အလက်ဇန္ဒား ဇဗီရက်ဗ် ကတော့ အဆင့် 4 နေရာ အထိ တက်လှမ်း နိုင် ခဲ့ပြီး 2016 တုန်း က ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘတ်စ်ကတ် ဘော အကျော်အမော် စတိဗ် ကာရီ က နံပါတ် 5 နေရာ မှာ ရှိနေ ခဲ့ ပါတယ် ။
ဒါ့အပြင် 2017 တုန်းက အဆင့် 20 နေရာ မှာ ရှိနေ ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဟာရီ ကိန်း ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အတွင်း ရွှေ ဖိနပ် ဆု ကို ဆွတ်ခူး နိုင်ခဲ့ခြင်း နဲ့ အတူ အဆင့် 6 နေရာ အထိ ကို ခုန်းကျော် တက်လှမ်း နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။
အသက် 25 နှစ်သာ ရှိနေ သေးပြီး နွေ တုန်းက ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ လက်ရွေးစင် အသင်း ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ဦးဆောင် နိုင်ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကတော့ ဒီ တစ်ကြိမ် နံပါတ် တစ် နေရာ မှာ ရပ်တည် နိုင်တဲ့ ဘောလုံး အားကစား သမား ဖြစ်လာ ခဲ့ ပါတယ် ။
သူဟာ ပြီးခဲ့တဲ့ နှစ်က ထိပ်ဆုံး နေရာ မှာ ရပ်တည် နိုင်ခဲ့ ကြတဲ့ လက်ဝှေ့ အကျော်အမော် အန်သိုနီ ဂျိုရှူဝါ နဲ့ ဖော်မြူလာ ဝမ်း အကျော်အမော် လူးဝစ် ဟာမီလ်တန် တို့ကို ကျော်ဖြတ်ပြီး ဒီ နေရာ မှာ ရပ်တည် နိုင်ခဲ့တာ ပဲ ဖြစ် ပါတယ် ။
#Sports_Myanmar

Comments
Post a Comment