Posts

ဒိုင်ဘာလား ကို ရောင်းထုတ်ပြီး စီမံကိန်းကြီးကြီး ချမှတ်ဖို့ ဂျူဗင်တပ် တို့ ကြံစည်နေ

Image
အီတလီ ထိပ်သီး ကလပ် ဂျူဗင်တပ် အသင်း ဟာ သူတို့ ရဲ့ အားထား ရတဲ့ တိုက် စစ် မှုး ပေါ်လို ဒိုင်ဘား လား ကို ရောင်းထုတ် ဖို့ စဉ်းစား နေကြ ပြီ လို့ အီ တ လီ အခြေ စိုက် တူတို အား ကစား သတင်း စာ က ယမန် နေ့ က ထုတ်ဝေ ခဲ့တဲ့ သတင်းစာ မျက်နှာဖုံး မှာ ထည့် သွင်း ဖော်ပြ သွားခဲ့ ပါတယ် ။ ဘာကြောင့် ပါလဲ ? အဖြေ က တော့ ဂျူဗင်တပ် ဟာ ရိုနယ်ဒို ကို ၀န်းရံ ပြီး ကစား ကွက် တစ်ခု ကို တည်ဆောက် ဖို့ ကြံစည် နေကာ ရိုနယ်ဒို ကို ပံ့ ပိုး ပေး နိုင် မယ့် ကစား သမား တွေ ကို ခေါ်ယူ ဖြည့်ဆည်း လိုတာ ကြောင့် ဒိုင်ဘားလား ကို ရောင်းထုတ် ပြီး ဘဏ္ဍာ ရေး စည်းမျဉ်း တွေ ကနေ လွတ်ကင်း အောင် လုပ်ဆောင် မှာ ဖြစ် တယ် လို့ သိရ ပါတယ် ။ဒိုင်ဘားလား ဟာ ဂျူဗီ ရဲ့ အားထား ရတဲ့ တိုက် စစ် မှုး တစ်ဦး ဖြစ် ပေမယ့် ရိုနယ်ဒို ရောက်ရှိ လာချိန် မှာ ပေါ်တူဂီ တိုက် စစ် မှုး ကြီး နဲ့ အတွဲ မမိ ဖြစ် နေခဲ့ တယ် လို့ သိရ ပါတယ် ။ ရိုနယ်ဒို ဟာ ဂျူဗင်တပ် နဲ့ စာချုပ် သက်တမ်း ကျန် ရှိ နေ သေးတဲ့ အချိန် အတွင်း ချန် ပီယံ လိဂ် ဖလား ကို အရယူ သွားဖို့ စိတ်အား ထက်သန် နေပြီး ဂျူဗီ ကလည်း ဝေးကွာ နေတဲ့ ဥရောပ အောင်မြင် မှု အတွက် ရိုနယ်ဒို ကို ပံ့ပိုး ဖြည့်ဆည်း ပေးဖို့ ရည်မှန်း ထားတယ် လိ...

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

Image
ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက အာဆင်နယ်ကွင်းလယ်လူ မီဆွတ်အိုဇေးလ်ကို တစ်ပတ်လုပ်ခ ပေါင် (၁)သန်းအထိ ပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကမ်းလှမ်းမှုတွေကို အိုဇေးလ်က ငြင်းဆန်ပယ်ချခဲ့ပြီး အာဆင်နယ်မှာ ဆက်ကစားချင်တဲ့ အကြောင်းပြချက်နဲ့ မက်မောလောက်ဖွယ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ သိရပါတယ်။လက်ရှိမှာလည်း အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းခွဲအထိ အိုဇေးလ်က ရရှိနေတာဖြစ်ပြီး အသင်းမှာလည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ပါတယ်။ အိုဇေးလ်က ငွေကြေးထက် ပိုပြီးအရေးပါတဲ့ အရာတွေကို စဉ်းစားခဲ့တယ်လို့ ဆိုဂတ်က ထပ်ပြောခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်း ပရီးမီးယားလိဂ်ရဲ့ ဖော်လိုဝါအများဆုံးရှိတဲ့ ကစားသမားဖြစ်ပြီး  အာဆင်နယ်မှာ သူ့ဂျာစီက အရောင်းရဆုံးဆိုတာ ကျွန်တော် တွေ့လိုက်မိပါတယ်၊ ပြီးတော့ သူက မတူညီတဲ့ နိုင်ငံတွေမှာ ကစားဖူးပြီး ဂျာမနီမှာဆိုလည်း နံပါတ် (၁၀)ဂျာစီကို ၀တ်ဆင်ခဲ့သူပါပြီးတော့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်၊ ဒီတော့ သူ့ရဲ့ ဈေးကွက်က ကမ္ဘာအနှံ့မှာ ကျယ်ပြန့်နေတာပါ၊ ဒီတော့ သူ့ကို ...

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ

Image
ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စူပါဆန်းဒေး ပွဲစဉ်တွေမှာတော့ မန်စီးတီး၊ လီဗာပူးတို့ နိုင်ပွဲရခဲ့ပြီး ချဲလ်ဆီး၊ အာဆင်နယ်တို့ကတော့ အိမ်ကွင်းမှာ သရေကျခဲ့ပါတယ်။ ပွဲစဉ်(၁၂)ပြီးဆုံးတဲ့အထိ ရှုံးပွဲမရှိတဲ့ အသင်း(၃)သင်း(မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီး) ရှိနေတာ အင်္ဂလန် ထိပ်တန်းလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။

ဘာစီလိုနာလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တဲ့ လီယွန်နယ်မက်ဆီ

Image
လက်မောင်းဒဏ်ရာ ရရှိနေခဲ့လို့ ဘာစီလိုနာအတွက် ပွဲစဉ်တချို့ လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး မက်ဆီဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ရီးရဲလ်ဘက်တစ်နဲ့ပွဲအတွက် ဘာစီလိုနာ...

ဒီည မန်ချက်စတာမြို့ကို ခြုံလွှမ်းမှာ အပြာလား၊ အနီလား

Image
ပြိုင်ပွဲစုံ (၁၇၇) ကြိမ်မြောက် မန်ချက်စတာဒါဘီပွဲစဉ်ကို ဒီည မြန်မာစံတော်ချိန် ၁၁ နာရီအချိန်ကျရင် အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။ အမှတ်ပေးဇယား ထိပ်ဆုံ...

အေစီမီလန်နောက်တန်းလူ မူဆက်ချီယို ဒဏ်ရာကြောင့် နှစ်လခန့်နားရမည်

Image
အေစီမီလန်အသင်းတွင် ဒဏ်ရာရကစားသမားစာရင်းပို များလာပြီး နောက်တန်းလူ မက် ကီယိုမူဆက်ချီယိုလည်း နှစ်လ ခန့်နားရမည်ဟု အတည်ပြုပြော ကြားသည်။ ကြာသပတေးနေ့က ရီးရဲလ် ...

အောင်လအန်ဆန်က ပထမအချီမပြီးမီ ပြိုင်ဘက်ကို အလဲထိုးပြီး ချန်ပီယံခါးပတ် ကာကွယ်

MMA (One Championship) မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တွင် မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က လက်ဘနွန် ဖိုက်တာ မိုဟာမက်ကရာကီကို  ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ အောင်လအန်ဆန်သည် ကရာကီ၏ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်လိုက်ခြင်းလည်းဖြစ်သည်။ အောက်တိုဘာ ၂၆ ရက်ည က ရန်ကုန်မြို့အမျိုးသားအားက စား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပ သည့် ယင်းပြိုင်ပွဲတွင် အောင်လ အန်ဆန်သည် ကရာကီကို Stand Fight တိုက်ခိုက်နည်းဖြင့် ဦးစား ပေးထိုးသတ်ခဲ့သည်။ ပွဲအစပိုင်းတွင် ကရာကီက  ၎င်း၏ အားသာချက်ဖြစ်သည့် န  ပန်းနည်းကို အသုံးချရန်ကြိုးစား ခဲ့သော်လည်း အောင်လကအချုပ် မခံဘဲကာကွယ်ခဲ့သည်။ ထို့နောက်အောင်လသည် လက်သီးချက်၊  ခြေကန်ချက်များဖြင့်အသာစီး ထိုးသတ်ကာ ပွဲချိန် ၂ မိနစ်နှင့် စက္ကန့် ၂၀ ခန့်တွင် ကရာကီကို အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။ အောင်လအန်ဆန်သည် ယ ခင်ပွဲများတွင် ပြိုင်ဘက်များကို  ၎င်း၏ နာမည်ကြီးစပါးအုံးချုပ် ကွက်ဖြင့် အနိုင်ယူခဲ့သော်လည်း  ယခုပွဲတွင် လက်သီးချက်ဖြင့်အ ဆုံးသတ်ကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့...