ပြိုင်ပွဲဆုံသုံးပွဲဆက်ရှုံးနိမ့်မှုနှင့်အတူ အသင်းရဲ့ကစားပုံအကြောင်းပြောကြားခဲ့တဲ့ ပိုချက်တီနို



တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ယမန်နေ့ညက အင်တာမီလန်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ဟာ အကောင်းဆုံးပုံစံမှာရှိခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ စပါးအသင်းဟာ ဒုတိယပိုင်း ၅၃ မိနစ်မှာ အဲရစ်ဆင်ရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးဆုံးခါနီးမှ ၂ ဂိုး ပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။တော့တင်ဟမ်ဟော့စပါးအသင်းဟာ ခြေစွမ်းပိုင်းအရ အင်တာမီလန်အသင်းကို အသာစီးရယူနိုင်ခဲ့ပြီး ပွဲပြီးဆုံးခါနီးမှ မထင်မှတ်ထားတဲ့သွင်းဂိုးတွေကြောင့်သာ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြ ပေါ့ချက်တီနိုက မိမိတို့အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပြီး ယခုရာသီရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။ပိုချက်တီနိုမှ "အသင်းရဲ့စွမ်းဆောင်ရည်က ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲပြီးဆုံးတဲ့အချိန်က ရလဒ်ဟာ ကွဲပြားခြားနားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အားလုံးလည်း ကျွန်တော်ပြောတာ သဘောတူကြမှာပါ။မှန်တာပေါ့။ ကျွန်တော်တို့ ဂိုးပေးခဲ့ရတဲ့ ၈၆ မိနစ်နောက်ပိုင်းမှာ အရာအားလုံးက ကွဲပြားခြားနားသွားတော့တာပဲ။ ချေပဂိုး ပြန်ပေးလိုက်ရပြီးတဲ့နောက်မှာ ပွဲက ပြောင်းပြန်ဖြစ်သွားတယ် အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်ပါတယ်။ ဒါပေမယ့် ရလဒ်ကိုတော့ မပျော်မရွှင်ဖြစ်မိပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ မယူခဲ့မိဘူး။ ခင်ဗျား ဆိုးရွားတဲ့အချိန်အပိုင်းအခြားတစ်ခုကို ရောက်နေတဲ့အခါမှာ အရင်ကထက် ၂ ဆ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Creditလေးစားစွာဖြင့်



Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ