ဝက်ဖိုဒ့် နိုင်ပွဲ အတွက် မော်ရင်ဟို ရဲ့ ချီးကျုး ခြင်း ခံ ခဲ့ ရတဲ့ ယူနိုက်တက် ကစား သမားများ


မန် ချက် စတာ ယူ နိုက် တက် အသင်း ဟာ ယ မန်နေ့ ညက ၀က် ဖိုဒ့် အသင်း ရဲ့ ကွင်း ကို သွား ရောက် ကစား ခဲ့ ပြီး ၂ – ၁ ရ လဒ် နဲ့ အနိုင် ရရှိ ခဲ့ ပါတယ် ။ ဒီ နိုင် ပွဲ ကြောင့် ယူ နိုက် တက် တို့ ဒီ ရာသီ ပထမ ဆုံး ၂ ပွဲ ဆက် အနိုင် ရရှိ ခဲ့ ပြီး ၀က်ဖိုဒ့် က တော့ ရာနှုန်း ပြည့် နိုင်ပွဲ ရပ် တန့် သွား ခဲ့ ရ ပါတယ် ။

ယူ နိုက် တက် ဟာ ပထမ ပိုင်း မှာ ၀က်ဖိုဒ့် ဘက် ကို ကောင်း စွာ ထိုး ဖောက် နိုင် ခဲ့ပြီး လူကာကူ ၊ စမော လင်း တို့ ရဲ့ ဂိုး တွေ နဲ့ ဦးဆောင် နိုင် ခဲ့ ပါတယ် ။ ဒု တိယ ပိုင်း မှာတော့ အန် ဒီ ဂရေး က ၀က်ဖိုဒ့် အတွက် ၁ ဂိုး ပြန် ခြေပ ခဲ့ ပေမယ့် ယူနိုက်တက် က အနိုင် ရလဒ် ကို ပွဲပြီး သည် အထိ ထိန်း ကစား သွားနိုင် ခဲ့ ပါတယ် ။

ယူနိုက် တက် နည်းပြ ကြီး မော် ရင်ဟို က တော့ ယမန် နေ့ ညက ပွဲ မှာ ပုံစံ ကောင်း တွေ ပြသ နိုင် ခဲ့ ကြ တဲ့ မန်ချက် စတာ ယူ နိုက်တက် ကစား သမား တွေ ကို ပွဲ အပြီး မှာ ထုတ် ဖော် ချီးကျုး စကား ဆို သွားခဲ့ ပါတယ်

အထူး သဖြင့် မော် ရင်ဟို ဟာ ကွင်းလယ် လူ ဖယ်လေနီ ရဲ့ ခံစစ် – တိုက် စစ် ပါဝင် နိုင် မှု အပေါ် ကျေနပ် ပျော်ရွှင် တဲ့ မှတ်ချက် စကား တွေ ဆို သွားခဲ့ ပါတယ် ။ ဖယ်လေ နီ ဟာ ယမန် နေ့ ညက ပွဲ မှာ အ ကောင်း ဆုံး ကစား နိုင် ခဲ့ပြီး စမောလင်း ၊ လင် ဒီ လော့ဖ် တို့ ရဲ့ ရှေ့ ကနေ ခံစစ် ကို ကူညီ ပေး နိုင် ခဲ့ သလို ယူ နိုက် တက် ရရှိ တဲ့ တည်ကန် ဘော တွေ ကို လည်း ကောင်း ကောင်း အသုံး ချ နိုင် ခဲ့ ပါတယ် ။

ဖယ်လေနီ ဟာ ယူ နိုက်တက် ရရှိ တဲ့ ဒုတိယ ဂိုး အတွက် လည်း စမောလင်း ဆီ ကို ခေါင်းတိုက် ဖန်တီးပေး ခဲ့ သူ ဖြစ် ပါတယ် ။

“ဘ ရိုက် တန် ၊ တော့ တင် ဟမ် တို့ နဲ့ ပွဲတွေ မှာ ကျွန်တော် တို့ ရဲ့ ခံစစ် ပိုင်း မှာ အမှားတွေ ကျုး လွန် မိ ခဲ့ ပါတယ် ။ ဘရိုက် တန် နဲ့ ပွဲ မှာ ဆိုရင် ကျွန်တော်တို့ ဟာ အနိုင် ရလဒ် နဲ့ မထိုက် တန် ခဲ့ ပါဘူး”
“ဒီ ရှုံး ပွဲတွေ ပြီး တဲ့ နောက် မှာတော့ ခက် ခဲ တဲ့ ပွဲ ၂ ပွဲ ကို ဆက် ကစား ခဲ့ ရ ပါတယ် ။ ဘန်လေ ၊ ၀က်ဖိုဒ့် တို့ ဟာ တောင့်တင်း တဲံ အသင်းတွေ ဖြစ်ပြီး သူတို့ ကွင်း မှာ တကယ် မာ ကျော တဲ့ ပုံစံ ကို ပြသ နိုင် ခဲ့ တဲ့ အသင်းတွေ ပါ”

“ဒါကြောင့် တစ်ယောက် ယောက် က ကျွန်တော့ ရဲ့ ခံစစ် မှုး ၂ ယောက် ကို ကူညီ ပေး ဖို့ လိုအပ် မယ် လို့ ထင် မိ ခဲ့ ပါတယ် ။ သူတို့ ၂ ယောက် ရဲ့ ရှေ့ ကနေ ကာဆီး ပေး မယ့် တံတိုင်း တစ် ခု ရှိ နေ ဖို့ လိုအပ် မယ် လို့ တွေး မိ ခဲ့ ပါတယ်”

“ဒါ ပေမယ့် မော်ရုန်း ဟာ ဒီ တာဝန် ထက် ပိုပြီး လုပ်ပြ နိုင် ခဲ့ ပါတယ် ။ သူ ဟာ ရိုးရှင်း မှု နဲ့ အရည် အသွေး ပြည့်ဝ မှု တွေ ကို ပြသ သွားခဲ့ ပါတယ် ။ သူ ကစား သွား တာ ရိုးရိုး လေး ပါပဲ ။ ဒါ ပေမယ့် တကယ် ကောင်း ခဲ့ ပါတယ် ။ ဒီ အတွက် ကျွန်တော် အရမ်း ပျော် ရွှင် မိ ပါတယ်” လို့ ဖယ်လေနီ ကို မော် ရင်ဟို ချီးကျုး စကား ဆို သွားခဲ့ ပါတယ် ။

ဒါ့ အပြင် ယူ နိုက်တက် ရဲ့ တည်ကန် ဘော နည်းစနစ် တွေ ဟာ လက် ထောက် နည်းပြ တွေ နဲ့ ကစား သမား တွေ ရဲ့ အားထုတ် မှု တွေ ဖြစ် တယ် လို့ ချီးကျုး ခဲ့သလို စမောလင်း ရဲ့ ဆံပင် ပုံစံ အသစ် ကို လည်း နောက် ပြောင် ပြောဆို သွားခဲ့ ပါတယ် ။

“ထောင့် ကန် ဘော နည်းဗျု ဟာ တွေ ကို ကျွန်တော် တို့ လေ့ကျင့် ခဲ့ ကြ ပါတယ် ။ အသင်း ရဲ့ နည်းပြ တွေ နဲ့ ကစား သမားတွေ ရဲ့ ကြိုးးစား အားထုတ် မှု ကို ဒီ ပွဲ မှာ မြင်တွေ့ ခဲ့ ရ တာပါပဲ ။ စပါး နဲ့ ပွဲမှာ ကတည်း က ဒီလို မျိုး ဗျုဟာ တွေ ကို သုံးခဲ့ ကြ တာပါ ။ တည် ကန် ဘော ဆိုတာ တကယ့် ကို အရေးပါ တဲ့ လုပ်ငန်း စဉ် တစ် ခု ပါပဲ ။ ဒီ လို အောင်မြင် မှု အတွက် ကစား သမား တွေ နဲ့ နည်းပြ တွေဆီ က ပျော်ရွှင် မှု တွေ ကို ကူးစက် ခံ စား ခဲ့ မိ ပါတယ်”

“ခရစ် ( စမောလင်း ) နဲ့ ပတ်သက် ပြီး ကျွန်တော် မပျော် နိုင် တဲ့ တစ်ခု တည်း ကိစ္စ က တော့ သူ့ရဲ့ ဆံပင် ကေ ပါပဲ ( ရယ်လျက် ) ။ ဒါပေမယ့် ဒါ နဲ့ ပတ်သက် လို့ တော့ သူ့ကို ဘာမှ ပြောမှာ မဟုတ် ပါဘူး” လို့ မော် ရင်ဟို က ဆို သွားခဲ့ ပါတယ် ။

ဆက် လက် ပြီး ယူ နိုက်တက် အတွက် အဖိုး တန် ရမှတ် တွေ မဆုံး ရှုံး အောင် ကာကွယ် ပေး နိုင် ခဲ့တဲ့ ဂိုး သမား ဒီဂီယာ ကို လည်း မော် ရင်ဟို က ချီးကျုး စကား ဆို သွားခဲ့ ပြန် ပါတယ် ။ ဒီဂီယာ ဟာ စပိန် နဲ့ ကမ္ဘာ့ ဖလား မှာ ပုံစံ ကောင်း မပြသ နိုင် ခဲ့ သလို ယခု ရာသီ မှာ လည်း ဘန်လေ နဲ့ တစ်ပွဲ သာ Clean Sheet ရရှိ ထားခဲ့ ပါသေးတယ် ။

ဒါပေမယ့် ဒီဂီယာ ဟာ ယမန်နေ့ ညက ၀က်ဖိုဒ့် အသင်း ရဲ့ ခြေပ ဂိုး ရရှိ နိုင် မယ့် အခွင့် အေ၇း ကောင်းး တစ်ခု ကို ကောင်းးစွာ ကာကွယ် ပေး ခဲ့ပြီး ယူနိုက်တက် ရဲ့ ၃ မှတ် ကို ထိန်းသိမ်း သွားခဲ့ ပါတယ် ။

“ကာကွယ် မှု က တစ်ကြိမ် တည်းပါ ။ ဒါပေမယ့် တကယ် ကို ကောင်းပြီး အရေး ပါခဲ့ ပါတယ် ။ အသင်း ကြီး အသင်း တစ် သင်း က ဂိုး သမား တစ် ဦး ဟာ ဒါမျိုး ဖြစ် နေရ မှာပါ ။ တစ် ချို့ ပွဲတွေ မှာ ဂိုး သမား တွေ ဟာ ဘောလုံး ထိ တောင် မထိ လိုက် ပါဘူး ။ တစ် ချို့ ပွဲ တွေ မှာတော့ တကယ် အရေး ပါတဲ့ အခိုက် အတန့် တွေ က တစ်ပွဲ လုံး ထိုင် ကြည့် ပြီးမှ ရောက် လာ တက် ပါတယ် ။ ဒီလို အခိုက် အတန့် တွေ အတွက် အဆင် သင့် ဖြစ် နေ ရမှာပါ” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။
နောက် ဆုံး မှာတော့ ယူနိုက်တက် အတွက် အဖွင့်ဂိုး ကို စတင် သွင်းယူ ပေး ခဲ့ တဲ့ တိုက် စစ် မှုး ရို မီ ရို လူကာကူ ရဲ့ အသင်း ကစား ကွက် အတိုင်း ကြိုးစား ပေး ခဲ့မှု ကို မော် ရင်ဟို က ချီးကျုး ပြောဆို သွားခဲ့ ပါ တယ် ။

“ကိုက် ၇၀ လောက် ပြေး သွား ပြီး နောက် တန်း တစ် ယောက် လို လျောထိုး ဖျက်ထုတ် လိုက် တဲ့ လူကာကူ ဟာ အသင်း က နေ ကျွန်တော် ဘာ ကို လိုချင် နေ သလဲ ဆိုတဲ့ အရာ အားလုံး ကို ပြောပြ လိုက်တာ ပါပဲ ။ ပထမ ပိုင်း တုန်းက အတိုင်း ဆက် ကစား စေချင် ခဲ့ ပါတယ် ။ ဒါပေမယ့် အခြေ အနေ က ခက် ခဲ လာ တဲ့ အခါ မှာ ဒီ အခက် အခဲ ကို ရင်ဆိုင် ဖြေရှင်း နိုင် ရမှာပါ ။ အသင်း ရဲ့ အစိတ် အပိုင်း ဖြစ် နေပြီ ဆို၇င်တော့ အသင်း က လုပ် နေတဲ့ အရာ အတိုင်း လိုက်ပါ လုပ် ဆောင် ရမှာ ပါပဲ” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

မန် ချက် စတာ ယူ နိုက်တက် ဟာ လာမယ့် ကြားရက် မှာတော့ ချန်ပီယံ လိဂ် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ် နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR

Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ