ပင်နယ်တီသွင်းရန် ယုံကြည်ပေး၍ မော်ရင်ဟိုကို ပေါ့ဂ်ဘာကျေးဇူးတင်

ဆွစ်ဇာလန်ချန်ပီယံ ယန်း ဘွိုင်းကို ၃-၀ ဂိုးဖြင့် နိုင်ရာတွင် နှစ်ဂိုးသွင်းပြီးတစ်ဂိုး ဖန်တီးပေးခဲ့ သည့် ပြင်သစ်ကွင်းလယ်လူပေါ့ဂ် ဘာက နည်းပြမော်ရင်ဟိုအား ကျေးဇူတင်ကြောင်း ပြောသည်။

ပေါ့ဂ်ဘာသည် ပထမဂိုး သွင်းပြီးနောက် ဒုတိယဂိုးကို ပင် နယ်တီမှတစ်ဆင့်သွင်းကာ  တ တိယဂိုးကို ဖန်တီးပေးခဲ့သည်။ ပင်နယ်တီကန်သွင်းရန် မိမိအ ပေါ် ယုံကြည်မှုထားပေး၍ မော် ရင်ဟိုအား ကျေးဇူးတင်သည်ဟု ပေါ့ဂ်ဘာက ပြောသည်။

ပေါ့ဂ်ဘာသည် ယခုလဆန်း က ကစားခဲ့သော ဘန်လေနှင့်ပွဲ တွင် ပင်နယ်တီ လွဲချော်ခဲ့သော် လည်း ၎င်းအနေဖြင့် ပင်နယ်တီ သွင်းလိုပါက သဘောပင်ဖြစ် သည်ဟု မော်ရင်ဟိုက ပြောကြား ခဲ့သည်။

မိမိတွင် ပင်နယ်တီကန်သွင်း ရန် ယုံကြည်မှုရှိသလို အသင်း ဖော်များကလည်း ယုံကြည်ပြီး နည်းပြကလည်း ယုံကြည်မှုရှိ ကြောင်း ပေါ့ဂ်ဘာက ပြောသည်။

ယင်းပွဲအပြီးတွင် မော်ရင်ဟို က ဒါလော့နှင့်လုခ်ရှောတို့ကို ချီး ကျူးပြီး ၎င်းတို့နှစ်ဦးသည် တိုက် စစ်ပိုင်းလိုက်ပါမှု အလွန်ကောင်း သလို ခံစစ်ကိုလည်း ကောင်းစွာ ကစားခဲ့သည်ဟု ပြောသည်။


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ