" အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ အဖွင့်ပွဲတွင် မြန်မာက မလေးရှားကို ဂိုးပြတ်အနိုင်ရ "



အသက် (၁၆) နှစ်အောက် အာရှ အမျိုးသမီး ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းက မလေးရှား ယူ-၁၆ အမျိုးသမီး
အသင်းကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

စက်တင်ဘာ ၁၉ ရက် က နီပေါနိုင်ငံ APF Stadium Kathmandu တွင် ကျင်းပသည့် ယင်းပွဲတွင် မြန်မာ ယူ-၁၆ အမျိုးသမီးသည် ခြေစွမ်းပြပြီး မလေးရှားအသင်းကို ပွဲချိန်တလျောက် ဖိအားပေး ကစားကာ ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာ ယူ-၁၆ အမျိုးသမီးဘောလုံးအသင်း အတွက် အနိုင်ဂိုးများကို တိုက်စစ်မှူး မြတ်နိုးခင် တစ်ဦးတည်းက သုံးဂိုးလုံး သွင်းယူခဲ့သည်။

အဆိုပါ ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ ၂၃ ရက် အထိ နီပေါ နိုင်ငံတွင် ကျင်းပနေပြီး အုပ်စုခွဲဝေမှုအရ မြန်မာအသင်းက အုပ်စု (င) တွင် အိမ်ရှင်နီပေါ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဆီးရီးယားအသင်းတို့ နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

မြန်မာ ယူ-၁၆ အမျိုးသမီးသည် အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၂၁ ရက်တွင် အိမ်ရှင်နီပေါ ယူ-၁၆ အမျိုးသမီးအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

သတင်း - ရွှေဘုတ်
ဓာတ်ပုံ - MFF


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ