အောင်လအန်ဆန်က ပထမအချီမပြီးမီ ပြိုင်ဘက်ကို အလဲထိုးပြီး ချန်ပီယံခါးပတ် ကာကွယ်
MMA (One Championship) မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တွင် မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က လက်ဘနွန် ဖိုက်တာ မိုဟာမက်ကရာကီကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ အောင်လအန်ဆန်သည် ကရာကီ၏ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်လိုက်ခြင်းလည်းဖြစ်သည်။ အောက်တိုဘာ ၂၆ ရက်ည က ရန်ကုန်မြို့အမျိုးသားအားက စား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပ သည့် ယင်းပြိုင်ပွဲတွင် အောင်လ အန်ဆန်သည် ကရာကီကို Stand Fight တိုက်ခိုက်နည်းဖြင့် ဦးစား ပေးထိုးသတ်ခဲ့သည်။ ပွဲအစပိုင်းတွင် ကရာကီက ၎င်း၏ အားသာချက်ဖြစ်သည့် န ပန်းနည်းကို အသုံးချရန်ကြိုးစား ခဲ့သော်လည်း အောင်လကအချုပ် မခံဘဲကာကွယ်ခဲ့သည်။ ထို့နောက်အောင်လသည် လက်သီးချက်၊ ခြေကန်ချက်များဖြင့်အသာစီး ထိုးသတ်ကာ ပွဲချိန် ၂ မိနစ်နှင့် စက္ကန့် ၂၀ ခန့်တွင် ကရာကီကို အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။ အောင်လအန်ဆန်သည် ယ ခင်ပွဲများတွင် ပြိုင်ဘက်များကို ၎င်း၏ နာမည်ကြီးစပါးအုံးချုပ် ကွက်ဖြင့် အနိုင်ယူခဲ့သော်လည်း ယခုပွဲတွင် လက်သီးချက်ဖြင့်အ ဆုံးသတ်ကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့...