မြန်မာလက်ရွေးစင် အသင်း အာဆီယံဆူဇူကီးပြိုင်ပွဲတွင် အကောင်းဆုံးပုံစံယှဉ်ပြိုင်ရန် လေ့ကျင့်မည်
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အန်တွမ်နီဟေးက
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံးပုံစံဖြင့်
ယှဉ်ပြိုင်နိုင်ရန် လေ့ကျင့်ပြင်ဆင်မည်ဖြစ်ကြောင်းပြောကြား
သည်။
နည်းပြချုပ်အန်တွမ်နီဟေးက"ဆူဇူကီးဖလားပြိုင်ပွဲအတွက်
ပြင်ဆင်ချိန်တစ်လကျော်ရရှိမှာပါ။ စက်တင်ဘာမှာခြေစမ်းပွဲ
ကစားခွင့်မရခဲ့ပေမယ့် ပြီးခဲ့တဲ့သြဂုတ်မှာကစားတဲ့အာရှအားကစားပြိုင်ပွဲနဲ့လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာခအသင်းကြီးတွေနဲ့
ယှဉ်ပြိုင်ခွင့်ရခဲ့တာကြောင့်ထိုက်သင့်တဲ့အတွေ့အကြုံရထားပြီးဖြစ်ပါတယ်။ ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းကိုလည်း အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂၃အသင်းကိုပဲ အခြေခံပြီးဖွဲ့စည်းမှာဖြစ်ပါတယ်။
စီနီယာကစားသမားတစ်ချို့လည်းပြန်ပါလာမှာပါ။
ဘယ်သူ့ကိုရွေးချယ်ရမလဲဆိုတာလည်းဆုံးဖြတ်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအကောင်းဆုံးကစားသမားတွေကိုလည်း
သိထားပြီးဖြစ်တာကြောင့် အများကြီးအပြောင်းအလဲမရှိနိုင်ပါဘူး။ အောက်တိုဘာမှာကစားမယ့်ခြေစမ်းပွဲတွေက ကျနော်တို့အတွက်အရေးကြီးပါတယ်။ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်အသင်းတို့နဲ့ကစားမယ့်ခြေစမ်းပွဲတွေ၊ ကာတာနိုင်ငံမှာ
သွားရောက်လေ့ကျင့်မယ့်ခြေစမ်းခရီးစဉ်က အသင်းအတွက်အမှန်တကယ်အကျိုးရှိမှာပါ။ ဆူဇူကီးဖလားပြိုင်ပွဲက
ပြိုင်ပွဲပုံစံပြောင်းလိုက်တာကြောင့် အရင်နှစ်တွေထက်ပိုပြီး
ခက်ခဲမှာပါ။ အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲကစားရမှာဖြစ်တာကြောင့်အမှားလုပ်လို့မရပါဘူး။ ပြိုင်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ယှဉ်ပြိုင်နိုင်အောင်လေ့ကျင့်ပြင်ဆင်မှာပါ"ဟုပြောကြားသည်။
#MSportInfo #Daily11 #2018AFFSuzukiCup
#MyanmarNationalFootballTeam

Comments
Post a Comment