မန်စီးတီး၊ လီဗာပူးဂိုးပြတ်အနိုင်ရပြီး မန်ယူသရေကျ၍ တိုက်စစ်ပိုင်းကို မော်ရင်ဟိုအပြစ်တင်
နည်းပြဟောင်း ဖာဂူဆန် လာရောက်အားပေးသောပွဲတွင် မန်ယူသည် အိမ်ကွင်း၌ ဝုဖ်လ်ဗာ ဟမ်တန်ကို အနိုင်မယူနိုင်ခဲ့ဘဲ သရေတစ်မှတ်သာရကာ လီဗာ ပူးနှင့် မန်စီးတီးတို့ ဂိုးပြတ်ဖြင့်နိုင် ပွဲကိုယ်စီရရှိခဲ့သည်။
ဂျာဂန်ကလော့ပ်၏ လီဗာပူး သည် ဆောက်သမ်တန်ကို သုံးဂိုးပြတ်အနိုင်ရကာ မန်စီးတီးလည်း ကာဒစ်အိမ်ကွင်းတွင် ငါးဂိုးပြတ် အနိုင်ရခဲ့သည်။
မန်ယူသရေကျခြင်းအပေါ် ဘောလုံးပွဲလေ့လာသူများက နည်းပြမော်ရင်ဟိုအား ပြစ်တင် ဝေဖန်ခဲ့ကြသည်။ ဖာဂူဆန်ဦး နှောက်ခွဲစိတ်မှုခံယူပြီး ပထမဆုံး လာရောက်ကြည့်ရှုသောပွဲတွင် မန်ယူသည် ဖရဒ်၏ဂိုးဖြင့် ဦး ဆောင်နိုင်ခဲ့သော်လည်း ထိုးစစ် များ ထိရောက်မှုမရှိဘဲ မော်တင် ဟို၏ဂိုးကို ခွင့်ပြုခဲ့ရ၍ သရေ တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရ သည်။ ရာသီအစခြောက်ပွဲတွင် နှစ်ပွဲရှုံး၊ တစ်ပွဲသရေရလဒ်နှင့် ကြုံခဲ့ရပြီးနောက် မော်ရင်ဟိုက ‘‘ဒီ ရလဒ်ဟာ မျှတတယ်လို့ ကျွန် တော်ထင်တယ်။ သူတို့အဲဒီရမှတ် နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် တို့ တစ်မှတ်ပဲရတဲ့အပြစ်နဲ့ ထိုက် တန်တယ်။ ကျွန်တော့်ရဲ့တိုက်စစ် ကစားသမားတွေဆီက အခုထက်ပိုမျှော်လင့်ခဲ့တာပါ။ ဖန်တီးမှုအပိုင်း၊ ရွေ့လျားမှုပိုင်းတွင် မလုံလောက်ခဲ့ဘူး’’ ဟုပြောသည်။ ယင်းရလဒ်ကြောင့် မန်ယူသည် လောလောဆယ်အမှတ်ပေးဇယားကို ဦးဆောင်ထားသော လီဗာပူးနှင့် ရှစ်မှတ်ကွာဟသွားသည်။
ကာဒစ်ကို ငါးဂိုးပြတ်နိုင်ခဲ့ပြီးနောက် မန်စီးတီးတိုက်စစ်မှူး မာရက်ဇ်က ‘‘အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ချန်ပီယံလိဂ်ကစား ပြီးနောက် ကစားရတာခက်ခဲမှာကို ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့နည်းပြက ဒီပွဲအတွက်အ သင့်ပြင်ထားကြဖို့ ပြောထားခဲ့ပါ တယ်’’ ဟု ပြောသည်။ မန်စီးတီး သည် ချန်ပီယံလိဂ်တွင် ပွဲဦးထွက် လိုင်ယွန်ကိုရှုံးထားသည်။
လီဗာပူးမှ ဟန်ဒါဆင်က‘‘ကျွန်တော်တို့ ဘာမှအနိုင်မရသေးပါဘူး။ အစကောင်းရုံပဲရှိပါသေးတယ်။ အဝေးကြီးလိုပါသေး တယ်’’ဟု ပြောကြားသည်။ ဂျာဂန်ကလော့ပ်လက်အောက်တွင် လီဗာပူးသည် ယခုရာသီ၌ တိုက်စစ်ပိုင်းပိုအားကောင်းလာကာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီး ကို အဓိကစိန်ခေါ်မည့်အသင်းအဖြစ် ခန့်မှန်းခံထားရ သည်။
Comments
Post a Comment