လီဗာပူးကိုရှုံးနိမ့်ခဲ့ခြင်းအပေါ်ယုတ္တိမရှိဘူးဟုခံစားရကြောင်းပြောဆိုလိုက်တဲ့ နည်းပြတူချယ်
ပဲရစ်စိန့်ဂျာမိန်း အသင်း ရဲ့ နည်းပြ ဖြစ်သူ သောမတ် တူချယ် က လီဗာပူး အသင်း ဟာ သူ့ရဲ့ အသင်း ကို နောက်ကျဂိုး နဲ့ ပြဇာတ်ဆန်ဆန် အနိုင် ရရှိခဲ့တာဟာ လုံးဝ ယုတ္တိ မရှိဘူးလို့ အခိုင်အမာ ပြောဆို သွားခဲ့ ပါတယ်။ မနေ့ညက အန်ဖီး မှာ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု စီ အဖွင့် ပွဲစဉ် မှာ ရော်ဘတ်တို ဖာမီနို ဟာ အရန်ခုံ ကနေ လူစားဝင် လာခဲ့ပြီး လီဗာပူး ကို နာကျင်အချိန်ပို သွင်းဂိုး နဲ့ ၃ ဂိုး ၂ ဂိုး နဲ့ အနိုင် ရရှိ စေခဲ့ ပါတယ်။ဒန်နီရယ် စတားရစ်ခ်ျ ရဲ့ ခေါင်းတိုက်ဂိုး နဲ့ ဂျိမ်းမီနာ ရဲ့ ပင်နယ်တီ ဂိုး တွေနဲ့ အတူ လီဗာပူး ဟာ ၂ ဂိုး ပြတ်နဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ပီအက်ဂျီ ဟာ ပထမပိုင်း မပြီးခင် သောမတ် မူနီယာ ရဲ့ ချေပဂိုး နဲ့ ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြီးရန် ၇ မိနစ် အလို မှာတော့ ကီလီယန် အမ်ဘက်ပေက ပီအက်ဂျီ အတွက် ၂ ဂိုးစီ သရေကျမယ့် ဂိုးကို ရယူ ပေးခဲ့ ပါတယ်။တူချယ် က “ပွဲအပြီး ရလဒ်ဟာ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် နဲ့ မသက်ဆိုင် ပါဘူး။ ပွဲပြီး ခါနီး လီဗာပူး အသင်း အနိုင်ဂိုး မရရှိမီ ဂျူလီယန် ဒရက်စလာ ရဲ့ အခွင့်အရေး ဟာ ကျွန်တော်တို့ အတွက် အနိုင် ရလဒ်တောင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံး ကစားပုံ ကို ပြသ နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် ကတော့ ဒီရလဒ် ဟာ လုံးဝယုတ္တိမရှိ သလို မှန်ကန်မှုလည်း မရှိပါဘူး။ကျွန်တော်တို့ ပထမပိုင်း မှာ ဂိုး ၂ ဂိုး ခွင့်ပြု ခဲ့ရ ပေမယ့်လည်း ကျွန်တော်တို့ရဲ့ ယုံကြည်မှု လုံးဝ ဆုံးရှုံး သွားခဲ့တဲ့ အချိန် မရှိ ပါဘူး။ ကျွန်တော်တို့ အတော် ရဲရင့်စွာ ကစား ခဲ့ပြီး စိတ်ဓာတ်ပိုင်း မာကျော ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ဘောလုံး တွေကို လွယ်လွယ် ကူကူ ဆုံးရှုံး ခဲ့သလို ပါပဲ။ ဒါပေမယ့် ဒါဟာ အန်ဖီး ကွင်းပါ။ ယာဂန်ကလော့ ဟာ သူ့ရဲ့ အသင်း နဲ့ ၃ နှစ်လောက် အလုပ် အတူ တွဲလုပ် ခဲ့တာပါ။လီဗာပူး ဟာ ကျွန်တော်တို့ကို အပြင်းအထန် ဖိအားပေး ကစား ခဲ့ပြီး ခက်ခဲ စေခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကစားကွက် လုံးဝ ပျက်မသွား ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ကြိုးစားမှု နဲ့အတူ ချေပဂိုးတွေ ပြန်လည် ရရှိ ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ အလွန့် အလွန် ကို ခက်ခဲ ပါတယ်။” လို့ ပြောသွား ပါတယ်။
Credit လေးစားစွာဖြင့်

Comments
Post a Comment