ရီးရဲမက်ဒရစ် အောင်ပွဲ ခံသွားတဲ့ ဖီဖာ အကောင်းဆုံးဆု ပေးပွဲနဲ့ မဲရလာဒ်များ
ဖီဖာကနေ ဦးစီးကျင်းပတဲ့ အကောင်းဆုံးဆု ပေးပွဲကြီးဟာ မနေ့ညကပဲ လန်ဒန်မှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အတိုင်း ရီးရဲမက်ဒရစ် ကွင်းလယ် ဗိုလ်ချုပ် မိုဒရစ်ကပဲ ဆုကို သိမ်းပိုက် သွားခဲ့သလို ၊ ဘောလုံး လောကရဲ့ ပြယုဂ် ကစားသမား နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရိုနာဒို တို့လဲ ပွဲကို တက်ရောက်ခဲ့ခြင်း မရှိခဲ့ ပါဘူး။
ဆုဆွတ်ခူးမှု အနေအထားမှာတော့ –
2018 ဖီဖာ အကောင်းဆုံး ကစားသမားဆု – မိုဒရစ် (ရီးရဲ ၊ ခရိုရေးရှား)
2018 ဖီဖာ အကောင်းဆုံး နည်းပြဆု – ဒက်ချမ့် (ပြင်သစ်)
2018 ဖီဖာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု – မာတာ (ဘရာဇီး)
2018 ဖီဖာ အကောင်းဆုံး အမျိုးသမီး နည်းပြဆု – ပီဒရော့ (ပြင်သစ်)
2018 ဖီဖာ အကောင်းဆုံး ဂိုးသမားဆု – ကော့တွိုက် (ရီးရဲ ၊ ဘယ်လ်ဂျီယံ)
2018 ဖီဖာ အကောင်းဆုံး သွင်းဂိုးဆု – ဆာလတ် (လီဗာပူး)
2018 ဖီဖာ အကောင်းဆုံး ပရိသတ်ဆု – ပီရူး ပရိသတ်များ
တို့ ဖြစ်ပါတယ်။
အကောင်းဆုံး ကစားသမား ဆုကို ရရှိသွားခဲ့တဲ့ မိုဒရစ် ကတော့ ဒုတိယ နေရာမှာ ရပ်တည် နိုင်ခဲ့တဲ့ ရိုနာဒို ထက်ကို မဲအရေအတွက် ပြတ်ပြတ်သားသား အသာရပြီး ဆုတံဆိပ်ကို ဆွတ်ခူး နိုင်ခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံး အမျိုးသမီး ကစားသမား ဆုနဲ့ အကောင်းဆုံး နည်းပြ ဆုတွေမှာတော့ မဲအရေ အတွက်ဟာ ပြောသလောက်ကြီး ကွာဟခဲ့ခြင်း မရှိပါဘူး။
ဖီဖာအကောင်းဆုံး အသင်း 11 ယောက်မှာ ပါဝင် ခဲ့သူတွေကတော့ –
ဂိုး – ဒီဂီယာ (ယူနိုက်တက်)
နောက်ဆန်း (ညာ) – ဒန်နီရယ် အဲလ်ဗက် (ပီအက်စ်ဂျီ)
နောက်တန်း – ဗာရန်း (ရီးရဲ)
နောက်တန်း – ရာမို့စ် (ရီးရဲ)
နောက်တန်း (ဘယ်) – မာဆယ်လို (ရီးရဲ)
အလယ်တန်း – မိုဒရစ် (ရီးရဲ)
အလယ်တန်း – ကန်တီ (ချဲဆီး)
ရှေ့တန်း – ဟာဇက် (ချဲဆီး)
ရှေ့တန်း – မက်ဆီ (ဘာစီလိုနာ)
ရှေ့တန်း – မက်ပီ (ပီအက်စ်ဂျီ)
တိုက်စစ်မှုး – ရိုနာဒို တို့ ဖြစ်ပါတယ်။
အကောင်းဆုံးဆုတွေ အတွက် မဲရလာဒ်တွေကတော့ –
အကောင်းဆုံး ကစားသမားဆု
29.05 % – မိုဒရစ်
19.08 % – ရိုနာဒို
11.23 % – ဆာလတ်
10.52 % – မက်ပီ
9.81 % – မက်ဆီ
6.69 % – ဂရစ်ဇ်မန်း
5.65 % – ဟာဇက်
3.54 % – ဒီဘရိုင်း
3.45 % – ဗာရန်း
0.98 % – ဟယ်ရီကိန်း
အကောင်းဆုံး နည်းပြဆု
30.52 % – ဒက်ချမ့်
25.74 % – ဇီဒန်း
11.81 % – ဒါးလစ်
11.46 % – ပက် ဂွာဒီယိုလာ
7.18 % – ယာဂန် ကလော့ပ်
3.23 % – ဆီမြွန်နီ
2.61 % – မာတီနက်
2.39 % – ဗယ်ဗာဒီ
2.14 % – ချာချီဆော့ဗ်
1.57 % – ဆောက်ဂိတ်
1.35 % – အလီဂရီ
အကောင်းဆုံး အမျိုးသမီးဆု –
14.73% – မာတာ (ဘရာဇီး)
12.86 % – မာရိုဇန် ( ဂျာမဏီ)
12.60 % – ဟီဂါဘတ် အဒါ (နော်ဝေ)

Comments
Post a Comment