မန္ယူအသင္း အခက္ေတြ႕ေနခ်ိန္လို႔ မထင္မိပါဘူးလို႔ ၀က္ဖို႔ဒ္နည္းျပေျပာ



zawgyi #မန္ယူ_ေဘာလံုးသတင္းမ်ား
၀က္ဖို႔ဒ္အသင္းနည္းျပ ဂ်ာဗီဂရာစီယာကေတာ့ မန္ယူအသင္းမွာ အခက္အခဲေတြရွိေနတယ္လို႔ မထင္မိေၾကာင္း ၀က္ဖို႔ဒ္နဲ႔ မန္ယူတို႔ကစားမယ့္ပြဲမတုိင္ခင္မွာ ေျပာဆိုခဲ့ပါတယ္။
ဂရာစီယာက “အခက္အခဲျဖစ္ေနတဲ့ဆိုတဲ့ စကားလံုးကို နားမလည္ပါဘူး။ ခုခ်ိန္မွာ မန္ယူအသင္းဟာ အခက္အခဲေတြၾကားမွာ ေရာက္ေနတယ္သလားဆိုတာကိုလည္း မသိပါဘူး။ မန္ယူအသင္းမွာ ကစားသမားေကာင္းေတြ ရွိေနတယ္ဆိုတာတစ္ခုေတာ့ သိထားသလို အဲဒီကစားသမားေတြအနက္က မတူညီတဲ့ ကစားသမားေတြကို ေရြးခ်ယ္လာႏုိင္ပါတယ္။ သူတို႔ ဒီပြဲကို အေကာင္းဆံုးကစားသမား ၁၁ ဦးနဲ႔ ယွဥ္ၿပိဳင္လာမွာျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔အတြက္ ခက္ခဲမႈေတြျဖစ္လာမွာပါ။ ဒါေပမယ့္ ဒီပဲြဟာ ကၽြန္ေတာ္တို႔အိမ္ကြင္းမွာ ကစားရမွာျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔မွာ ယွဥ္ၿပိဳင္စြမ္းနဲ႔ သူတို႔ဆီကရမွတ္ ရယူႏုိင္ဖို႔အတြက္ ယံုၾကည္မႈရွိေနပါတယ္။ ၿပီးခဲ့တဲ့ရလဒ္ေတြက ကၽြန္ေတာ္တို႔လုပ္ႏုိင္တယ္ဆိုတာဆိုတာကို အားေပးေနပါတယ္။ ဒါေပမယ့္ အဲဒါက စိတ္ခံစားမႈတစ္ခုသာျဖစ္သလို ႏုိ္င္ပြဲရဖို႔အတြက္ အရာရာကို ေပးဆပ္သြားဖို႔ လိုပါတယ္”လို႔ ေျပာခဲ့ပါတယ္။

unicode
မန်ယူအသင်း အခက်တွေ့နေချိန်လို့ မထင်မိပါဘူးလို့ ဝက်ဖို့ဒ်နည်းပြပြော
================================
ဝက်ဖို့ဒ်အသင်းနည်းပြ ဂျာဗီဂရာစီယာကတော့ မန်ယူအသင်းမှာ အခက်အခဲတွေရှိနေတယ်လို့ မထင်မိကြောင်း ဝက်ဖို့ဒ်နဲ့ မန်ယူတို့ကစားမယ့်ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။
ဂရာစီယာက “အခက်အခဲဖြစ်နေတဲ့ဆိုတဲ့ စကားလုံးကို နားမလည်ပါဘူး။ ခုချိန်မှာ မန်ယူအသင်းဟာ အခက်အခဲတွေကြားမှာ ရောက်နေတယ်သလားဆိုတာကိုလည်း မသိပါဘူး။ မန်ယူအသင်းမှာ ကစားသမားကောင်းတွေ ရှိနေတယ်ဆိုတာတစ်ခုတော့ သိထားသလို အဲဒီကစားသမားတွေအနက်က မတူညီတဲ့ ကစားသမားတွေကို ရွေးချယ်လာနိုင်ပါတယ်။ သူတို့ ဒီပွဲကို အကောင်းဆုံးကစားသမား ၁၁ ဦးနဲ့ ယှဉ်ပြိုင်လာမှာဖြစ်တာကြောင့် ကျွန်တော်တို့အတွက် ခက်ခဲမှုတွေဖြစ်လာမှာပါ။ ဒါပေမယ့် ဒီပွဲဟာ ကျွန်တော်တို့အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် ကျွန်တော်တို့မှာ ယှဉ်ပြိုင်စွမ်းနဲ့ သူတို့ဆီကရမှတ် ရယူနိုင်ဖို့အတွက် ယုံကြည်မှုရှိနေပါတယ်။ ပြီးခဲ့တဲ့ရလဒ်တွေက ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာဆိုတာကို အားပေးနေပါတယ်။ ဒါပေမယ့် အဲဒါက စိတ်ခံစားမှုတစ်ခုသာဖြစ်သလို နို်င်ပွဲရဖို့အတွက် အရာရာကို ပေးဆပ်သွားဖို့ လိုပါတယ်”လို့ ပြောခဲ့ပါတယ်။

Comments

Popular posts from this blog

မ်က္လံုးတစ္ဖက္ထဲနဲ႔ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ေရာ္ဘာတိုဖာမီႏို

အာရွကလပ္အသင္းတစ္သင္းရဲ႕မက္ေမာဖြယ္၁လစာကိုျငင္းပယ္ၿပီး အာဆင္နယ္တြင္ဆက္ေနခဲ့တဲ့ အိုေဇး

မန္ခ်က္စတာဒါဘီမွာ မန္ယူ ႐ႈံးၿပီး ခ်ဲလ္ဆီး၊ အာဆင္နယ္ သေရက်