စ​နေ​နေ့ညအတွက်​ ​နောက်​ဆုံးရ အားကစားသတင်းများ

အီး မရိတ် ကွင်း မှာ ယနေ့ ည ယှဉ်ပြိုင် ကစား သွားခဲ့ တဲ့ အာဆင်နယ် ဂန္ထ၀င် တွေ နဲ့ ရီးရဲ ဂန္ထ၀င် အသင်း တို့ ရဲ့ ချစ်ကြည် ရေး ပွဲစဉ် မှာ တော့ မိနစ် ၉၀ အတွင်း ဂိုး မရှိ သရေ ကျ နေခဲ့ ပြီး ပင်နယ်တီ အဆုံး အဖြတ် ခံ ယူ ကြ ရာမှာ တော့ အာဆင်နယ် ဂန္ထ၀င် အသင်း က ၅ – ၃ ဖြင့် အနိုင် ရရှိ သွားခဲ့ ပါတယ် ။

အာဆင်နယ် ဂန္ထ၀င် အသင်း ဘက် မှာ ပီရက် ၊ ရေး ပါလာ ၊ ၀င်းတားဘန်း ၊ လေးမန်း ၊ အလီ ယာ ဒိ ရေး ၊ ဂီဘာတို ဆေးဗား ၊ ဆူကာ ၊ ရို ဆစ် စကီး တို့ ပါဝင် ခဲ့ကြ ပြီး ရီးရဲ ဂန္ထ၀င် တွေ ဘက် မှာတော့ ရာအူး ၊ မိုရီ ယန်တေး ၊ အယ်ဖွန် ဆို ၊ ဒီလာရက် စတဲ့ ကစား သမား တွေ ပါဝင် ခဲ့ ကြ ပါတယ် ။

ဆဲလ် တစ် ကွင်း မှာ ကစား ခဲ့တဲ့ ကင်ဆာ ရောဂါ ကုသ ရေး ရန်ပုံ ငွေ ချစ်ကြည် ရေး ပွဲ မှာတော့ ဆဲလ်တစ် နဲ့ လီဗာပူး တို့ ၃ – ၃ ရလဒ် နဲ့ သရေ ကျခဲ့ ကြ ပါတယ် ။ အဆိုပါ ပွဲ မှာ လီဗာပူး ကွင်းလယ် လူ မီနာ နဲ့ စတီဗင် ပက် ထရော့ တို့ က ဦးဆောင် ခဲ့ ပြီး ရှေး ဂစ် ဗင် ၊ ဟင်း နရစ် လာဆင် ၊ စတွိုက် ကော့ဗ် ၊ ရော် ဘီ ကင်း ၊ ဘိုရပ် ၊ ဂျိုးဟတ် ၊ လက် စကော့ ၊ ဂျေမီ ရက် နက် ၊ အိုဝင် ဟားဂရေဗ့် ၊ ဂျွန် တယ် ရီ တို့ ပါဝင် ကစား ခဲ့ ကြပြီး လီဗာပူး နည်းပြ ကြီး ကလော့ နဲ့ ဘရန် ဒန် ရော် ဂျာ တို့ က ၂ ဖက် အသင်း နည်းပြ တွေ အဖြစ် ပါဝင် ခဲ့ ကြ ပါတယ် ။

မန်ချက် စတာ စီးတီး အသင်း ရဲ့ တောင်ပံ ကစား သမား လေး လီ ရွိုင် ဆာနေး က တော့ သူ့ ရဲ့ ဇနီးဟာ သမီး ငယ် လေး ကို အောင်မြင် ကောင်းမွန် စွာ မွေးဖွား နိုင် ခဲ့ပြီ ဖြစ်ကာ ဂျာမဏီ အသင်း ကနေ ခွင့် ပေး ခဲ့တဲ့ နည်းပြ နဲ့ အဖွဲ့ ၀င် အားလုံး ကို ကျေး ဇူး တင် ကြောင်း ပြောဆို သွား ခဲ့ ပါတယ် ။

စပိန် အသင်း ခေါင်း ဆောင် ရာမိုစ့် က တော့ အသင်း ရဲ့ ပင်တိုင် ပင်နယ်တီ ကန်သွင်း သူ ဖြစ်လာ မယ် လို့ ကြားသိ ရ ပါတယ် ။

ဘာစီ လိုနာ အသင်း ဟာ လာ မယ့် ဇန်န၀ါရီ အ ပြောင်း အရွှေ့ မှာ တိုက် စစ် ကို အင် အား ဖြည့် တင်း ဖို့ အတွက် ဆာဆူအိုလို တိုက် စစ် မှုး ဒိုမီနီကို ဘီရာဒီ ကို စောင့် ကြည့် ပစ် မှတ် ထား နေတယ် လို့ သတင်း ထွက် ပေါ် လာ ခဲ့ ပါတယ် ။

ရီး ရဲ မက်ဒရစ် အသင်း ဟာ ရို နယ် ဒို မရှိ တော့ တဲ့ နောက် မှာ ပိုမို ကောင်း မွန် ပျော်ရွှင် နေ ပါပီ လို့ စပိန် ဂျာနယ်လစ် တွေ က ရေးသား ဖော်ပြ မှု တွေ ရှိ လာခဲ့ တယ် လို့ သိရ ပါတယ် ။



အေ စီ မီ လန် အသင်း ဟာ ချဲလ်ဆီး ကွင်း လယ်လူ ဖာ ဘရီဂတ် ကို ဇန်န၀ါရီ မှာ ကမ်းလှမ်း ဖို့ ရှိ နေတယ် လို့ လည်း သတင်း ကြား သိ ရ ပါတယ် ။

အင် တာ မီ လန် အသင်း က တော့ မန် ချက် စတာ ယူနိုက်တက် နောက် ခံလူ မက် တီ ယို ဒါမီယန် ကို ဇန် န၀ါရီ မှာ ကမ်းလှမ်း မယ် လို့ ကြားသိ ရ ပြီး ဒါမီယန် ဟာ လည်း ယူနိုက်တက် နဲ့ စာချုပ် သစ် မချုပ် ဆို ရ သေး ဘဲ စာချုပ် ကုန် ဆုံး ချိန် မှာ အီတလီ ကို ကျိန်းသေ ပေါက် ပြန် သွား မှာ ဖြစ်တယ် လို့ သိရ ပါတယ် ။

ချဲလ်ဆီး အသင်း ခေါင်း ဆောင် ဟောင်းကြီး ဂျွန် တယ် ရီ ဟာ ရုရှ ကလပ် စပါး တပ် မော် စကို အသင်း ဆီ သွား ရောက် ကစား ဖို့ ရှိ နေတယ် လို့ လည်း သတင်း တစ် ပုဒ် ပေါ် ထွက် လာခဲ့ ပါတယ် ။

ဖီအိုရင်တီးနား တိုက်စစ်မှုး ဂျီယို ဗင်နီ ဆီမြွန်းနီ ဟာ အာ ဂျင် တီး နား အတွက် ပထမ ဆုံး သော သွင်း ဂိုး ကို ရယူ နိုင် ခဲ့ပြီး ဖခင် ကြီး ဒီယေဂို ဆီမြွန်းနီ ( အေတီကို နည်းပြ ) ဟာ သူ့ အပေါ် အလွန် လွှမ်းမိုး မှု ရှိ ခဲ့ တယ် လို့ ထုတ် ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ကြွက် သား ဒဏ် ရာ ကြောင့် နား နေရ တဲ့ အီတလီ တိုက် စစ် မှုး ဘာလို တယ် လီ ဟာ ပေါ်တူဂီ နဲ့ ပွဲ မှာ အသင်း အတွက် ပြန် လည် ကစား နိုင် ဖို့ ရှိ နေတယ် လို့ သိရ ပါတယ် ။

အဲဗာတန် က နေ ဖီအိုရင်တီးနား ကို ပြောင်း ရွှေ့ လာတဲ့ တိုက် စစ် မှုး ကီဗင် မီရာလက်စ် က တော့ အသင်း ဖော်သစ် တွေ ဖြစ် တဲ့ ချီယေဆာ နဲ့ ဂျီယို ဗင်နီ ဆီမြွန်နီ တို့ နဲ့ အတူ တွဲ ဖက် ကစား ရတာ ကို အလွန် နှစ် သက် မိတယ် လို့ ပြောဆို သွားခဲ့ ပြိး လွန် ခဲ့တဲ့ ၂ နှစ် လောက် ကတည်း က ဖီအို ကို ပြောင်းရွှေ့ ခဲ့ သင့် တယ် လို့ ဆို သွားခဲ့ ပါတယ် ။

ပရိသတ် တွေ မျှော် လင် စောင့်စား နေတဲ့ ဥရောပ ရဲ့ အရှိန် အဟုန် အပြင်း ဆုံး ၊ အမြင့်မား ဆုံး ပြိုင်ပွဲ ကြီး ဖြစ် တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး စတင် ဖို့ ၁၀ ရက် သာ လိုပါ တော့တယ် ခင်ဗျာ . . . . အိပ် ရေး ပျက် ခံ ဖို့ အဆင် သင့် ဖြစ် နေပြီ လားဗျ ။



Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ