နာမည်ကျော် နံပါတ် 10 ဂျာစီ ကို အနားပေး ထားတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်း


လက်ရှိ အချိန် အာဂျင်တီးနား စတား မက်ဆီ ဟာ လက်ရွေးစင် အသင်း အတွက် ပြန်လည် ကစားပေး မလား မပေးဘူးလား ဆိုတာ မရေမရာ ဖြစ်နေတဲ့ အခိုက်အတန့် မှာ အာဂျင်တီးနား အသင်း တာဝန် ရှိသူ တွေ ဟာ နံပါတ် 10 ဂျာစီ ကို အနားပေး ထားဖို့ ဆုံးဖြတ် ထားကြ ပါတယ် ။

လက်ရွေးစင် အသင်း ရဲ့ အဆိုပါ ဆုံးဖြတ်ချက် အပေါ် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အာဂျင် တိုင်းသား ဂိုးသမားဖြစ် သူ ဆာဂျီယို ရိုမဲရိုး က ဘာ့ကြောင့် အခုလို လုပ်ရ သလဲ ဆိုတာ နားမလည် ဖြစ်မိ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ အာဂျင်တီးနား အသင်း ဟာ နိုင်ငံတကာ ပွဲစဉ် တွေ ကစား ရဖို့ အတွက် ဂွာတီမာလာ ၊ ကိုလံဘီယာ အသင်း တွေ နဲ့ ရင်ဆိုင် ရဖို့ ရှိနေ ပါတယ် ။ သိုပေမဲ့ အာဂျင်ဟာ အသင်း ရဲ့ အဓိက ကစားသမား မက်ဆီ မပါဝင်ပဲ အဆိုပါ ပွဲတွေ ကို ကစား သွားရဖို့ ရှိနေ ပါတယ် ။

မက်ဆီ ဟာ နောက်ထပ် စိတ်ပျက်ဖွယ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ကစား ခဲ့ပြီး နောက် အခုထက် ထိ လက်ရွေးစင် အသင်း မှာ ဆက်လက် ကစား ဖြစ်မလား ၊ မဖြစ် မလား ဆိုတဲ့ ကောလာဟလ သတင်းတွေ ကြား ရှိနေ ခဲ့ရ ပါတယ် ။ အခုတော့ သူဟာ နိုင်ငံ့ အသင်း အတွက် မ ကစား သေးပဲ အားလပ်ရက် ရယူ နေ ပါတယ် ။

မကြာမီ အချိန် အတောအတွင်း မှာ တော့ အသက် 31 နှစ် ရှိပြီ ဖြစ်တဲ့ မက်ဆီ ဟာ လက်ရွေးစင် ကစားသမား ဘဝ နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ် သွားဖို့ ရှိနေ တယ်လို့ သိရ ပါတယ် ။ လက်ရှိ အချိန် မှာ တော့ မက်ဆီ မပါဝင် နိုင် သေးတဲ့ အချိန် အာဂျင်တီးနား ဟာ နာမည်ကျော် နံပါတ် 10 ဂျာစီ ကို အနားပေး ထားခဲ့ ပါတယ် ။
အဆိုပါ အကြောင်း အရာ နဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အာဂျင် တိုင်းသား ဂိုး သမား ရိုမဲရိုး က …

” နံပါတ် 10 ဂျာစီ ကို ကျွန်တော် တို့ အမြဲလို အသုံးပြု ထားခဲ့ ကြ ပါတယ် ။ အဲ့တာ ကို အခု ကျမှ ဘာ့ကြောင့် အသုံး မပြု ကြ သလဲ ဆိုတာ နားမလည် တော့ ပါဘူး ။ ဒီ ကိစ္စ ကျွန်တော် မမေးခဲ့ ပါဘူး ၊ စုံစမ်းတာ မျိုးလည်း မရှိ ပါဘူး ။ ဒါပေမဲ့ ဘာ့ကြောင့် ဒီ နံပါတ် ကို အသုံး မပြုလဲ ဆိုတာ စဉ်းစား လို့ကို မရ သေး ပါဘူး ”

” ခြေစမ်းပွဲ တိုင်း မှာ တောင် နံပါတ် 10 ဂျာစီ ကို အသုံးပြု ခဲ့ ကြ ပါတယ် ။ ဒါဟာ အမြဲလို အသုံးပြုဖို့ အဆင်သင့် ရှိနေ ခဲ့ ပါတယ် ။ ကျွန်တော် အဖြေ ရှာ ကြည့်ရုံ ပါ ”

” လီယို သာ ပြန်လာမယ် ဆိုရင် သူဟာ နံပါတ် 10 ဂျာစီ နဲ့ အသင်း ခေါင်းဆောင် လက်ပတ် ရဲ့ ပိုင်ရှင် တစ်ဦး ဖြစ်တယ် ဆိုတာ သာမန် ကိစ္စ တစ်ခု လို ပါပဲ ။ ကျွန်တော် တို့ အတွင်း ပိုင်း မှာ ရော ၊ ပြင်ပ မှာပါ ဒီ ကိစ္စ အပေါ် သံသယ ဖြစ်စရာ ဘာ အကြောင်း မှ မရှိ ပါဘူး ”

” ဒါပေမဲ့ လီယို မပါ နိုင် သေးတဲ့ အချိန် မှာ တော့ ဒီ နံပါတ် ကို တစ်ယောက် ယောက် အသုံးပြုခွင့် ရရှိ သင့် ပါတယ် ။ သူ ဒီမှာ ရှိနေရင် ဒါကို သူ ပိုင်ဆိုင် တယ် ဆိုတာ တော့ လူတိုင်း သိ ကြ ပါတယ် ။ ဒါဟာ ပြသနာ မဟုတ် ပါဘူး ” လို့ ရိုမဲရိုး က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

အသင်း ရဲ့ လက်ရှိ နည်းပြ လီယွန်နယ် စကာလိုနီ ကတော့ မက်ဆီ မရှိ သေးတဲ့ အချိန် လော့စ် အိန်ဂျလိစ် မှာ ကစား ရမဲ့ ဂွာတီမာလာ နဲ့ ပွဲစဉ် မှာ အေဂျက် နောက်ခံလူ နိုကို တဂ်လီယာဖီကို က အသင်း ခေါင်းဆောင် လက်ပတ် ကို ဆင်မြန်း သွား လိမ့်မယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။ မက်ဆီ ရဲ့ လက်ရွေးစင် ကစားသမား ဘဝ အနာဂတ် နဲ့ ပတ်သက်ပြီး …

” ဒါဟာ သိသာ ရှင်းလင်း လှ ပါတယ် ။ ကျွန်တော် တို့ သူနဲ့ စကား ပြော ပြီး ပါပြီ ။ နောက် မကြာခင် အချိန် အတွင်း သူ ပြန်လာ မလား ၊ မလာ ဘူး လား ဆိုတာ သိရှိ ရ တော့ မှာ ပါ ။ အနာဂတ် မှာ ဘာတွေ ဖြစ် လာမလဲ ဆိုတာ ကျွန်တော် တို့ သိရ ပါတော့မယ် ” လို့ စကာလိုနီ က အဆုံးသတ် ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar

Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ