မာရှယ်​နဲ့ပတ်​သက်​ပြီး​ပြောကြားလာတဲ့ ဆမ်​အလာဒွိုက်​စ်


မာရှယ် နဲ့ ပတ်သက်ပြီး ယူနိုက်တက် ရဲ့ လုပ်ဆောင် ချက်တွေ အပေါ် အံ့အားသင့် မိတယ်လို့ ဖွင့်ဟ ပြောကြား လာတဲ့ ဆမ်အလာဒွိုက်စ်

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ခြေစွမ်းကောင်း ပြသ နိုင်ဖို့ ရုန်းကန် နေခဲ့ ရတဲ့ တောင်ပံ တိုက်စစ် ကစားသမားလေး အန်သိုနီ မာရှယ် ကို ယူနိုက်တက် စာချုပ် သစ် ချုပ်ဆို ရေး အတွက် ကမ်းလှမ်း တာ နဲ့ ပတ်သက်ပြီး အင်္ဂလန် နည်းပြ ဟောင်း ဆမ် အလာဒွိုက်စ် က သူ့ရဲ့ ထင်မြင်ချက် တွေ ကို ထုတ်ဖော် ပြောကြား သွားလိုက် ပါတယ်

2016 တုန်း က ယူနိုက်တက် ကို ရောက်ရှိ လာခဲ့တဲ့ နည်းပြ မော်ရင်ဟို ရဲ့ လက်အောက် မှာ ပြင်သစ် သား လေး ဟာ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိဖို့ ရုန်းကန် နေခဲ့ ရ ပါတယ် ။ ဒါ့အပြင် နွေ အပြောင်း အရွှေ့ တုန်း ကလည်း အေးဂျင့် ဖိလစ်ပီ လမ်ဘိုလေး ရဲ့ ထုတ်ဖော် ပြောကြား ချက် အရ မာရှယ်ဟာ အိုးလ် ထရပ်ဖို့ဒ် မြေမှ ထွက်ခွာဖို့ ရှိနေတယ် ဆိုတဲ့ သတင်း တွေ ပျံ့နှံ့ နေခဲ့ ပါသေးတယ် ။

သို့သော်လည်း ရာသီ ကြို ခြေစမ်း ပွဲစဉ် တွေ တုန်းက ပြင်သစ် မြေကို ထွက်ခွာ သွားခဲ့ပြီး အပြန် နောက်ကျလို့ နည်းပြ မော်ရင်ဟို ရဲ့ ဝေဖန်မှု ကို ခံခဲ့ ရတဲ့ အပြင် ဒဏ်ငွေ ပါ ဆောင်ခဲ့ ရတဲ့ မာရှယ် ဟာ အပြောင်း အရွှေ့ နောက်ဆုံး ရက် အထိ အသင်း မှာပဲ ရှေ့ဆက် နေ သွားဖို့ ဆုံးဖြတ် သွားခဲ့ ပါတယ် ။

အသက် 22 နှစ် ရှိပြီ ဖြစ်တဲ့ မာရှယ် ဟာ ဒီရာသီ ယူနိုက်တက် တို့ ကစားခဲ့ ကြတဲ့ ပွဲစဉ် လေးပွဲ မှာ တစ်ကြိမ် သာ ပွဲထွက် ကစားခွင့် ရရှိ ထားခဲ့ ပြီး အခြား ပွဲတွေ ကို အရန် အဖြစ်သာ ပါဝင်ခွင့် ရရှိ နေတာ ကြောင့် အသင်း ပြောင်းရွှေ့ နိုင်ခြေ ရှိနေပြီ ဆိုတဲ့ သတင်း ထပ်မံ ထွက်ပေါ် လာပြန် ပါတယ် ။

သို့ပေမဲ့ လက်ရှိ အနေအထား အရ ယူနိုက်တက် အသင်း ဖက်က ရော နည်းပြ မော်ရင်ဟို ဖက် ကပါ ပြင်သစ် သား ကို နောက်ထပ် ငါးနှစ် စာချုပ် ကမ်းလှမ်းဖို့ သဘော တူညီ ထားကြ တယ်လို့ သိရှိ ရ ပါတယ် ။ သောကြာ နေ့ က ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် တစ်ခု မှာ တော့ ဆမ် အလာဒွိုက်စ် က …

” ရိုးရိုးသားသား ပြောရရင် သူတို့ သာ မာရှယ် ကို ငါးနှစ် စာချုပ် သက်တမ်း ထပ်တိုး နိုင်မယ် ဆိုရင် ကျွန်တော် တစ်ကယ်ပဲ အံ့အားသင့် မိ မှာပါ ”

” ကောင်လေး အသင်း မှာ နေ လာတာ 4 နှစ် မြောက် ရာသီ တောင် ရောက်လာ ခဲ့ ပါပြီ ။ ဒါပေမဲ့ အခု ထက်ထိ တည်ငြိမ်တဲ့ ခြေစွမ်း ကောင်း ပြသ နိုင်ခဲ့ပြီ လို့ ပြောမဲ့သူ မျိုး မတွေ့ သေး ပါဘူး ”

” သူ့ရဲ့ အလန်းစား ခြေစွမ်း ကို ကျွန်တော် တို့ မြင်ဖူး ကြ ပါတယ် ။ ဒါပေမဲ့ အခုလို အချိန် မျိုး မှာ တော့ သူရဲ့ ခြေစွမ်း ကောင်း တွေ ကို ပွဲစဉ် တိုင်း လိုလို ပုံမှန် ပြသ နေသင့် ပါပြီ ။ လက်ရှိ အချိန်ထက် သူ ပိုကောင်းမွန် နေသင့် ပါပြီ ”

” သူဟာ မန်နေဂျာ နှစ်ဦး နဲ့ အလုပ် လုပ်ခဲ့ ပြီး ပါပြီ ။ ဒါပေမဲ့ သူ့ရဲ့ မန်နေဂျာ နှစ်ဦး လုံး က ယူနိုက်တက် မှာ သူ့ကို ပွဲထွက် ကစား စေရေး မှာ အခက်တွေ့ ခဲ့ ကြ ပါတယ် ” လို့ ဆမ် အလာဒွိုက်စ် က သူ့ရဲ့ အမြင် ကို ထုတ်ဖော် ပြောကြား ခဲ့ ပါတယ် ။

မာရှယ် ဟာ 2015 နှစ် တုန်း က ယူနိုက်တက် ကို ပြောင်းရွှေ့ လာခဲ့ပြီး အသင်း အတွက် ကစား ပေးတဲ့ ပထမဆုံး လီဗာပူး နဲ့ ပွဲစဉ် မှာ ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။ သူဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲ စုံ 137 ပွဲ ကစားပေး ထားခဲ့ ရာမှာ 36 ဂိုး အထိ သွင်းယူ ပေးထား ခဲ့ ပါတယ် ။

ဒါ့အပြင် မာရှယ် ဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် 18 ပွဲ ကစားပေး ထားခဲ့ပြီး တစ်ဂိုး သွင်းယူ ပေးထားခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာ တော့ ကလပ် အသင်း အတွက် ပွဲထွက် က စားခွင့် ဆုံးရှုံး ထားခဲ့တဲ့ မာရှယ် ဟာ ကမ္ဘာ့ ဖလား ပြိုင်ပွဲ အပြင် နေရှင်နယ် လိဂ် ပြိုင်ပွဲ မှာ ပါ လက်ရွေးစင် အသင်း အတွက် ကစားပေး ခွင့် ဆုံးရှုံး ထားခဲ့ ပါတယ် ။

##SOURCES : SPORTS MYANMAR ##

Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ