18.9.2018 ညပွဲစဉ် ဘာစီလိုနာ၊ လီဗာပူးတို့ အိမ်ကွင်းနိုင်ပွဲရပြီး ဆန်စီရိုမှာ စပါး ရှုံးနိမ့်
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၁)မှာတော့ ဘာစီလိုနာ၊ လီဗာပူး၊ အက်သလက်တီကိုတို့ နိုင်ပွဲရခဲ့ပြီး စပါးအသင်းကတော့ ဆန်စီရိုကွင်းမှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဘာစီလိုနာနဲ့ ပီအက်စ်ဗီပွဲစဉ်မှာ မက်ဆီရဲ့ဟက်ထရစ်ဂိုး၊ ဒမ်ဘီလီရဲ့ ဂိုးနဲ့အတူ ဘာစီလိုနာအသင်း ၄ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ်(ဥရောပဖလား)ပြိုင်ပွဲသမိုင်းတစ်လျှောက် ဟက်ထရစ် ၈ ကြိမ် သွင်းယူနိုင်ခဲ့ပြီး ဟက်ထရစ် အများဆုံး သွင်းနိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။
လီဗာပူးနဲ့ ပီအက်စ်ဂျီပွဲစဉ်မှာတော့ လီဗာပူးက ခြေစွမ်းရော၊ ကစားကွက်ရော၊ စိတ်ဓာတ်ရေးရာပါ အသာစီး ရခဲ့ပြီး ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ၃၀ မိနစ်မှာ ရောဘတ်ဆန်ရဲ့ဖြတ်တင်ဘောကနေ စတာရစ်က ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းခဲ့သလို နောက်ထပ် ၆ မိနစ်အကြာမှာ ဝစ်နယ်ဒမ်ကြောင့် ရလာတဲ့ ပင်နယ်တီကနေ ဂျိမ်းစ်မီလ်နာက ဒုတိယဂိုး သွင်းခဲ့ပါတယ်။
ပွဲချိန် ၄၀ မိနစ်မှာ မြူနီယာက ပီအက်စ်ဂျီအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာ နေမာရဲ့ ဖန်တီးမှုကနေ အမ်ဘာပေက နောက်ထပ်ချေပဂိုး သွင်းယူခဲ့လို့ (၂-၂)ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ထပ်ဆောင်းအချိန်ပိုမှာ လူစားဝင်ကစားသမား ဖာမီနိုက တစ်ချက်ခေါက်ပြီး ဂိုးဧရိယာ ညာဘက်အခြမ်းကနေ အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
ချန်ပီယံလိဂ်ပွဲစဉ် ရလဒ်များ
ဘာစီလိုနာ ၄-၀ ပီအက်စ်ဗီ
အင်တာမီလန် ၂-၁ စပါး
ဘရုဂျက် ၀-၁ ဒေါ့မွန်
မိုနာကို ၁-၂ အက်သလက်တီကို
လီဗာပူး ၃-၂ ပီအက်စ်ဂျီ
ဇက်ဒါ ၀-၀ နာပိုလီ
ဂါလာတာစာရေး ၃-၀ လိုကိုမိုးတစ်မော်စကို
ရှော်လ်ကေး ၁-၁ ပေါ်တို

Comments
Post a Comment