စက်တင်ဘာလအတွက် လာလီဂါတစ်လတာ အကောင်းဆုံးကစားသမားဆုကို မက်ဆီ ဆွတ်ခူး


ဘာစီလိုနာစူပါစတား မက်ဆီဟာ စပိန်လာလီဂါရဲ့ စက်တင်ဘာလအတွက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။
မက်ဆီဟာ ဘာစီလိုနာရဲ့ နူကမ့်ကွင်းမှာ ဆီဗီလာအသင်းနဲ့ ကစားမယ့် စနေနေ့ပွဲစဉ်မတိုင်မီ အဆိုပါဆုကို လက်ခံရယူသွားမှာဖြစ်ပါတယ်။
“ဘာစီလိုနာတိုက်စစ်မှူး လီယို မက်ဆီဟာ စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။”လို့ လာလီဂါပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
“မက်ဆီဟာ ဒီရာသီအစမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ စတင်နိုင်ခဲ့သလို သူ့အသင်းကလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့နောက် သူဟာ ၂၀၁၈-၁၉ ရာသီရဲ့ ပထမဆုံးဆုကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။”လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့လက ဂျီရိုနာနဲ့ပွဲမှာ ၁ ဂိုး၊ ဟူဆာကာအသင်းကို ၈-၂ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် စုစုပေါင်း လာလီဂါသွင်းဂိုး ၃ ဂိုးအထိ သွင်းယူခဲ့ကာ ဂိုးဖန်တီးမှုမှာလည်း ၄ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လက်ရှိ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၁၅ မှတ်နဲ့ ရပ်တည်နေပြီး သူ့အောက်မှာတော့ ဆီဗီလာအသင်းကတော့ ၁ မှတ်အကွာနဲ့ ဒုတိယနေရာကနေ ကပ်လိုက်နေပါတယ်။
(EFE-EPA)

Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ