ဘာစီလိုနာ၊ လီဗာပူး၊ ဒေါ့မွန်အနိုင်ရပြီး ပီအက်စ်ဂျီနဲ့ နာပိုလီ သရေပွဲဖြစ်


ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)အဖြစ် ကစားတဲ့ ဒုတိယရက် ပွဲစဉ်တွေမှာတော့ ဘာစီလိုနာ၊ လီဗာပူး၊ ဒေါ့မွန်တို့ နိုင်ပွဲရခဲ့ပြီး ပီအက်စ်ဂျီနဲ့ နာပိုလီ၊ ပီအက်စ်ဗီနဲ့ စပါးတို့ (၂)ဂိုးစီ သရေကျခဲ့ပါတယ်။

ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ပွဲစဉ်မှာ ရာဖင်ညာ၊ ဂျော်ဒီအယ်ဘာတို့ ဂိုးတွေနဲ့ ဘာစီလိုနာအသင်း (၂)ဂိုးပြတ် အနိုင်ရခဲ့တာပါ။ ရာဖင်ညာဟာ ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဂိုး သွင်းယူနိုင်တဲ့ (၇၈) ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားသမားအများဆုံး ဂိုးသွင်းနိုင်တဲ့ အသင်းအဖြစ် ရပ်တည်နေပါတယ်။

လီဗာပူးကတော့ အုပ်စု(C)ရဲ့ အိမ်ဖြည့်အသင်းဖြစ်တဲ့ ရက်စတားဘဲဂရိတ်ကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ပွဲချိန်မိနစ်(၂၀)မှာ ဖာမီနိုက လီဗာပူးအတွက် အဖွင့်ဂိုးသွင်းခဲ့ပြီး ပွဲချိန်(၄၅၊ ၅၁-ပင်နယ်တီ)တွေမှာ ဆာလာက နှစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးကစားသမားဘဝ ပြိုင်ပွဲစုံ (၆၅)ပွဲ ကစားရာမှာ ဂိုး(၅၀)ပြည့် သွင်းယူနိုင်ခဲ့တာပါ။ ပွဲချိန်(၇၆)မိနစ်မှာ မာနေး ပင်နယ်တီမဝင်ခဲ့ပေမဲ့ ပွဲချိန်(၈၀)မိနစ်မှာတော့ လီဗာပူးအတွက် ပွဲသိမ်းဂိုး သွင်းယူပေးခဲ့ပါတယ်။

လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါ့မွန်ကတော့ အက်သလက်တီကိုကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒါဟာ နည်းပြဆီမြွန်နီလက်ထက်မှာ အက်သလက်တီကိုအသင်းအတွက် အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်ပါတယ်။ ပီအက်စ်ဂျီကတော့ နှစ်ကြိမ်တိုင်တိုင် နောက်ကလိုက် ကစားခဲ့ရပြီး ထပ်ဆောင်းအချိန်ပိုမှာ ဒီမာရီယာရဲ့ ဧရိယာထိပ် ဝေ့ဝိုက်ကန်ချက်ကြောင့် အိမ်ကွင်းမှာ နာပိုလီဆီက တစ်မှတ်ခွဲယူနိုင်ခဲ့တာပါ။

ချန်ပီယံလိဂ်ပွဲရလဒ်များ

ဘရုဂျက် ၁-၁ မိုနာကို
ပီအက်စ်ဗီ ၂-၂ စပါး
ဒေါ့မွန် ၄-၀ အက်သလက်တီကို
ဘာစီလိုနာ ၂-၀ အင်တာမီလန်
ပီအက်စ်ဂျီ ၂-၂ နာပိုလီ
လီဗာပူး ၄-၀ ရက်စတားဘဲဂရိတ်
လိုကိုမိုးတစ်မော်စကို ၁-၃ ပေါ်တို
ဂါလာတာစာရေး ၀-၀ ရှော်လ်ကေး

Nz (ရိုးရာလေး)
www.yoyarlay.com

#Nz_yyl #Sports_yyl


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ