MMA (One Championship) မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ တွင် မြန်မာ့စပါးအုံးမြွေဟု ကျော် ကြားသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က လက်ဘနွန် ဖိုက်တာ မိုဟာမက်ကရာကီကို ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။
သို့ဖြစ်ရာ အောင်လအန်ဆန်သည် ကရာကီ၏ ရှုံးပွဲမရှိစံချိန်ကို ချိုးဖျက်လိုက်ခြင်းလည်းဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်ည က ရန်ကုန်မြို့အမျိုးသားအားက စား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပ သည့် ယင်းပြိုင်ပွဲတွင် အောင်လ အန်ဆန်သည် ကရာကီကို Stand Fight တိုက်ခိုက်နည်းဖြင့် ဦးစား ပေးထိုးသတ်ခဲ့သည်။
ပွဲအစပိုင်းတွင် ကရာကီက ၎င်း၏ အားသာချက်ဖြစ်သည့် န ပန်းနည်းကို အသုံးချရန်ကြိုးစား ခဲ့သော်လည်း အောင်လကအချုပ် မခံဘဲကာကွယ်ခဲ့သည်။ ထို့နောက်အောင်လသည် လက်သီးချက်၊ ခြေကန်ချက်များဖြင့်အသာစီး ထိုးသတ်ကာ ပွဲချိန် ၂ မိနစ်နှင့် စက္ကန့် ၂၀ ခန့်တွင် ကရာကီကို အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။
အောင်လအန်ဆန်သည် ယ ခင်ပွဲများတွင် ပြိုင်ဘက်များကို ၎င်း၏ နာမည်ကြီးစပါးအုံးချုပ် ကွက်ဖြင့် အနိုင်ယူခဲ့သော်လည်း ယခုပွဲတွင် လက်သီးချက်ဖြင့်အ ဆုံးသတ်ကာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာ ကွယ်ခဲ့သည်။
အောင်လအန်ဆန်သည် ပွဲ ကြိုသတင်းစာရှင်းလင်းပွဲတွင် ပြိုင်ဘက်ကိုသုံးချီအတွင်း အနိုင် ယူမည်ဟု ပြောကြားထားသော် လည်း ပြိုင်ပွဲ၌ ပထမအချီအတွင်း ကရာကီကို အလဲထိုးသတ်နိုင်ခဲ့ သည်။‘‘ဒီပွဲမှာ ပထမအချီအတွင်း အနိုင်ရခဲ့ပေမယ့် ဒီလိုမျိုးဖြစ် အောင် ကျွန်တော် ၁၀ ပတ် လောက် ကြိုးစားလေ့ကျင့်ခဲ့တာ ပါ။ ချန်ပီယံခါးပတ်ကို ကာကွယ် နိုင်တဲ့အတွက် အရမ်းဝမ်းသာမိ ပါတယ်။ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်။ ဒါကအစပဲရှိ သေးတယ်။ ကျွန်တော်ဒီထက်ပို ကောင်းတဲ့ပုံစံရအောင်ပိုပြီးကြိုး စားသွားပါမယ်’’ ဟု အောင်လ အန်ဆန်ကပွဲအပြီးတွင်ပြောကြား သည်။
(၃၃) နှစ်အရွယ်အောင်လ အန်ဆန်သည် MMA ပြိုင်ပွဲတစ် လျှောက် ၃၄ ပွဲယှဉ်ပြိုင်ပြီး ၂၄ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။ အောင်လအန်ဆန်သည် လက်ရှိ တွင်MMA (One Championship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ၀ိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ် နှစ်ခုပိုင်ရှင်ဖြစ်သည်။ ယမန်နေ့ ညတွင်ကျင်းပခဲ့သည့် MMA (One Championship) ပြိုင်ပွဲ ကိုတွဲဆိုင်း ၁၂ ဆိုင်းဖြင့် ကျင်းပ ခဲ့ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်သည့် ပွဲစဉ်တစ်ပွဲပါဝင် ခဲ့သည်။ ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်းစိန်ခေါ်ပွဲ၌ မြန်မာကစားသမား ဖိုးသော်က မလေးရှား ဖိုက်တာ ကနူးဆူးဘားကို ပထမ အချီတွင် ရှုံးနိမ့်ခဲ့သည်။ ဖိုးသော် အနေဖြင့် MMA ပြိုင်ပွဲတစ် လျှောက် ပထမဆုံးရှုံးပွဲ တွေ့ကြုံ ခြင်းဖြစ်သည်။
Comments
Post a Comment