မော်ရင်ဟိုက ဗန်ဟားလ်နဲ့ အခြေအနေတူအနေအထားကို ရောက်ရှိနေတယ်လို့ ပြောကြားလိုက်တဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဝိန်းရွန်းနီက လက်ရှိယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ နည်းပြဟောင်း ဗန်ဟားလ် ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ တစ်ထပ်တည်း ကျနေပြီး ကစားသမားတွေအနေနဲ့ ကွင်းထဲမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်ဖို့ လိုအပ်တယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ မန်စီးတီး ချဲလ်ဆီး လီဗာပူး တို့နဲ့ (၇) မှတ်အကွာ အဆင့်(၈) နေရာမှာ ရပ်တည်နေပြီး ရုန်းကန်နေရတာလည်းဖြစ်ပါတယ်။

ရွန်းနီက “မော်ရင်ဟိုက အခုထက်အများကြီး ပိုလုပ်ပြနိုင်တဲ့ နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ ကစားသမားတွေ ကိုယ်တိုင်ကလည်း ကွင်းထဲမှာ အခုထက် ပိုပြီး စွမ်းဆောင်နိုင်ပြဖို့ လိုအပ်ပါတယ်။ အခြေအနေဆိုးတွေနဲ့ ပတ်သက်ပြီး အတူတကွ ခံစားရတယ်ဆိုပေမဲ့ မော်ရင်ဟိုက ပိုမိုလွယ်ကူတဲ့ ပစ်မှတ်တစ်ခုဖြစ်နေပါတယ်။ ဟိုဆေးက အခုဆို ဖိအားတွေ အများကြီး ခံစားနေရပြီး ကစားသမားတွေက သူ့ဘက်က ရပ်တည်နေဖို့ လိုအပ်ပါတယ်။ သူတို့လည်း ဒီဖိအားတွေကို ဝေမျှခံစားရမှာဖြစ်ပြီး ကွင်းထဲမှာ ပုံစံကောင်းပြသရမှာပါ။ ဗန်ဟားလ်တုန်းကလည်း ကျွန်တော် ဒီလိုစကားမျိုး ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက သူလည်း ဖိအားတွေ အများအပြား ခံစားနေရပြီး ကျွန်တော်က ကစားသမားတွေကို ငါတို့ ပိုပြီး ကောင်းကောင်း ကစားရအောင်ဆိုပြီး ပြောခဲ့ပါတယ်။”

“ဗန်ဟားလ်က ကျွန်တော်တို့အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးပေမဲ့ ကျွန်တော်တို့က ကွင်းထဲမှာ ကောင်းကောင်း မကစားနိုင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့်လည်း ကျွန်တော် အခုလိုပြောပြခဲ့တာပေါ့။ အဲ့ဒီအချိန်က အသင်းက လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး အရင်က ဒီလို ဖိအားမျိုးတွေ သူတို့ ရင်မဆိုင်ခဲ့ဖူးပါဘူး။ ကျွန်တော့်အနေနဲ့ ခက်ခဲတဲ့ အချိန်မှာ လူငယ်ကစားသမားတွေကို ကူညီပေးခဲ့ရပြီး သူတို့က အသင်းကို ကောင်းကောင်းပြန်ကူညီနိုင်မယ့် အရွယ်မရောက်သေးပါဘူး။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ယူနိုက်တက်အသင်းက ထွက်ခွာပြီးနောက် အဲဗာတန်အသင်းမှာ တစ်ရာသီကြာ ကစားခဲ့ကာ လက်ရှိအချိန်မှာ မေဂျာလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဒီစီယူနိုက်တက်အသင်းမှာ ကစားနေပါတယ်။


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ