ဘာစီလိုနာလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တဲ့ လီယွန်နယ်မက်ဆီ



လက်မောင်းဒဏ်ရာ ရရှိနေခဲ့လို့ ဘာစီလိုနာအတွက် ပွဲစဉ်တချို့ လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး မက်ဆီဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ရီးရဲလ်ဘက်တစ်နဲ့ပွဲအတွက် ဘာစီလိုနာရဲ့ လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆီဗီလာအသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ
ဖရန်ကိုဗက်ကွက်ဇ်နဲ့ ထိခိုက်မိခဲ့ပြီး မက်ဆီဟာ (၃)ပတ်ကြာ အနားယူခဲ့ရပါတယ်။အင်တာမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၂)ကျော့ နဲ့ လာလီဂါပွဲစဉ်တွေကို မက်ဆီ လွဲချော်ခဲ့ရပြီးနောက်မှာ ဒဏ်ရာအခြေအနေ သက်သာသွားခဲ့ပြီမို့ အသင်းအတွက် ပါဝင်ကစားနိုင်ကြောင်း ဆေးအဖွဲ့က ပြောဆိုခဲ့အပြီးမှာ ဘက်တစ်နဲ့ပွဲအတွက် မက်ဆီကို ပြန်လည် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းကတော့ မက်ဆီ မပါဝင်နိုင်ခဲ့ပေမယ့်လည်း ရလာဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာလည်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းကိုလည်း ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့သလို အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ပါတယ်။

Credit လေးစားစွာဖြင့်

--------------------—


Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ