အာရှကလပ်အသင်းတစ်သင်းရဲ့မက်မောဖွယ်၁လစာကိုငြင်းပယ်ပြီး အာဆင်နယ်တွင်ဆက်နေခဲ့တဲ့ အိုဇေး


ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းက အာဆင်နယ်ကွင်းလယ်လူ မီဆွတ်အိုဇေးလ်ကို တစ်ပတ်လုပ်ခ ပေါင် (၁)သန်းအထိ ပေးချေပြီး ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကမ်းလှမ်းမှုတွေကို အိုဇေးလ်က ငြင်းဆန်ပယ်ချခဲ့ပြီး အာဆင်နယ်မှာ ဆက်ကစားချင်တဲ့ အကြောင်းပြချက်နဲ့ မက်မောလောက်ဖွယ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ သိရပါတယ်။လက်ရှိမှာလည်း အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ပေါင် (၃)သိန်းခွဲအထိ အိုဇေးလ်က ရရှိနေတာဖြစ်ပြီး အသင်းမှာလည်း အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ပါတယ်။ အိုဇေးလ်က ငွေကြေးထက် ပိုပြီးအရေးပါတဲ့ အရာတွေကို စဉ်းစားခဲ့တယ်လို့ ဆိုဂတ်က ထပ်ပြောခဲ့ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာလည်း ပရီးမီးယားလိဂ်ရဲ့ ဖော်လိုဝါအများဆုံးရှိတဲ့ ကစားသမားဖြစ်ပြီး  အာဆင်နယ်မှာ သူ့ဂျာစီက အရောင်းရဆုံးဆိုတာ ကျွန်တော် တွေ့လိုက်မိပါတယ်၊ ပြီးတော့ သူက မတူညီတဲ့ နိုင်ငံတွေမှာ ကစားဖူးပြီး ဂျာမနီမှာဆိုလည်း နံပါတ် (၁၀)ဂျာစီကို ၀တ်ဆင်ခဲ့သူပါပြီးတော့ ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်၊ ဒီတော့ သူ့ရဲ့ ဈေးကွက်က ကမ္ဘာအနှံ့မှာ ကျယ်ပြန့်နေတာပါ၊ ဒီတော့ သူ့ကို များပြားတဲ့ ငွေကြေးတွေနဲ့ ကမ်းလှမ်းခဲ့ကြပေမယ့် အိုဇေးလ်ကတော့ အာဆင်နယ်မှာ ဆက်ကစားချင်တဲ့အတွက် ငြင်းပယ်ခဲ့ပါတယ်" လို့ အိုဇေးလ်ရဲ့ အေးဂျင့်က ပြောသွားခဲ့ပါတယ်။

Comments

Popular posts from this blog

မျက်လုံးတစ်ဖက်ထဲနဲ့ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရော်ဘာတိုဖာမီနို

မန်ချက်စတာဒါဘီမှာ မန်ယူ ရှုံးပြီး ချဲလ်ဆီး၊ အာဆင်နယ် သရေကျ