အေစီမီလန်နောက်တန်းလူ မူဆက်ချီယို ဒဏ်ရာကြောင့် နှစ်လခန့်နားရမည်
အေစီမီလန်အသင်းတွင် ဒဏ်ရာရကစားသမားစာရင်းပို များလာပြီး နောက်တန်းလူ မက် ကီယိုမူဆက်ချီယိုလည်း နှစ်လ ခန့်နားရမည်ဟု အတည်ပြုပြော ကြားသည်။
ကြာသပတေးနေ့က ရီးရဲလ် ဘက်တစ်နှင့်တစ်ဂိုးစီသရေကျ သောပွဲတွင် မူဆက်ချီယိုသည် အသင်းဖော်ဖရန့်ကက်ဆီနှင့် တိုက်မိပြီး အမြင့်မှပြုတ်ကျခဲ့ သည်။
မူဆက်ချီယိုသည် ဦးခေါင်း နောက်စေ့နှင့် မြေကြီးပေါ်ကျပြီး သတိမေ့သွားပုံရသောကြောင့် အသင်းဖော်များက ဆေးဝန်ထမ်း များကို စိုးရိမ်စွာခေါ်ယူခဲ့သည်။
သို့သော် ဒူးဒဏ်ရာပြဿနာ က နှစ်ကုန်အထိအနားယူစေရန် ၎င်းကို ခြိမ်းခြောက်နေခြင်းဖြစ် သည်။ မူဆက်ချီယိုသည် ဒူးအ ရွတ်အလွန်နာကျင်မှုကို သတင်း ပို့ခဲ့ပြီး ယင်းဒဏ်ရာကြောင့်သီ တင်းခြောက်ပတ်မှ ရှစ်ပတ်အထိ အနားယူရနိုင်ကြောင်း အေစီမီ လန်က ထုတ်ပြန်သည်။
ထို့အပြင် ယင်းကစားသမား ၏ ဦးခေါင်းထိခိုက်မှုကိုလည်း စစ်ဆေးပြီးဖြစ်ကာ ရလဒ်ကောင်း မွန်သည်ဟု အသင်းကပြော သည်။
ပြီးခဲ့သည့်သီတင်းပတ်က အူဒီးနီးစ်ကိုနိုင်ပွဲအထိ ၎င်းသည် စီးရီးအေပွဲတိုင်း အချိန်ပြည့်ပါဝင် ကစားခဲ့သည်။
ယခုဒဏ်ရာကြောင့် ၎င်း သည် လူးကပ်စ်ဘီဂလီယာ၊ မက် ကီယာကယ်လ်ဒါရာတို့ကဲ့သို့ ကာလရှည်အနားယူရမည်ဖြစ် သည်။ ထို့အပြင် အေစီ၏အဓိက ကစားသမားများဖြစ်သော ဟီ ဂူအင်နှင့် ဗင်ချူရာတို့လည်း မကြာသေးမီပွဲများတွင် မပါဝင် နိုင်ခဲ့ပေ။
အေစီသည် လက်ရှိတွင် စီး ရီးအေနံပါတ်(၄)နေရာ၌ ရပ် တည်နေပြီး ယနေ့ညတွင် ဂျူဗင် တပ်ကို လက်ခံကစားရမည်ဖြစ် သည်။ ဂျူဗင်တပ်သည် ချန်ပီယံ လိဂ်တွင် မန်ယူကို ရှုံးနိမ့်ပြီး နောက် အေစီနှင့်တွေ့ဆုံခြင်းဖြစ် သည်။
Comments
Post a Comment